ကျောင်းသူ ကျောင်းသားတွေ စာမေးပွဲနီးတော့ သူဟာနှင့်သူ စာကိုလုပ်အသီးသီးလုပ်နေချိန် လူတစ်ယောက်က သူ့စာကို သူမလုပ်ဘဲ သူ့ရဲ့ရှေ့က စာကိုအတင်း ဖိအားပေးပြီး လုပ်နေတဲ့ နန်းမေကိုကြည့်နေသည်။
"ဟူး... အခုမှဘဲ ပြီးတော့တယ်"
လေပူကိုမှုတ်ထုတ်ပြီး အားရပါးရနှင့်အနားယူလိုက်သည်။
နန်းမေက သူ့ကိုကြည့်နေတဲ့ စိုင်းထက်ရန်းကို သတိထားမိတော့
"ရန်းလေး ရောဘယ်နှစ် ဘာသာလုပ်လို့ပြီးပြီလဲ"
"၅ဘာသာတော့ လုပ်ပြီးပြီ"
လက်ငါးချောင်းထောင်ပြီး ချစ်စဖွယ်နဲ့ပြောသည်။"ကျန်တဲ့ ၂ဘာသာက ဘာလဲ"
"ဘာသာစကား စာပေနဲ့ကာယ နောက်ပြီး ငါကအဲ့ဘာသာမှာ အားနည်းတယ်"
စကားသံက ဖြည်းဖြည်း တိုးသွားသည်။"ဘာမှမပူနဲ့ အဲ့ဒီ နှစ်ဘာသာက နန်းမေ ပိုင်တယ်လေ ရန်းလေးမသိတာရှိရင်မေးနော် ရန်းလေး ညနေကျောင်းဆင်းရင်အားလား"
"အားတယ်လေ ဘာလို့ "
"အားရင် ဟို.. နန်းမေရဲ့.."
ပြောဖို့ချိန်မှာသင်းရနံ့ကစကားဖြတ်လိုက်သည်။
"နန်းမေ ပြီးသွားပြီလား နောက်တစ်ဘာသာလုပ်တော့"
သင်းရနံ့ကကဆူတော့
"ဟုတ်"
နန်းမေက နှုတ်ခမ်းစူပြီးမကျေမနပ်နဲ့ဖြေလိုက်သည်။
သင်းရနံ့က စိတ်ထဲမှာတော့
' နင်အကြောင်းကို ငါမသိဘူးထင်နေလား နင်က နန်းမေရတဲ့ ဘာသာကို ချန်ထားပြီး ငါ့ဆီကနေ နန်းမေကို လုဖို့ကြံနေဒါလား'
စိုင်းထက်ရန်းကို ကြည့်ပြီးပြောလိုက်သည်။စိုင်းထက်ရန်းက သူ့ရဲ့မျက်လုံးကို မှေးပြီး တစ်ခုခုကိုရိပ်မိတဲ့ပုံ နဲ့သင်းရနံ့ကို ကြည့်ပြီး စာကိုကုံပြီးလုပ်နေတဲ့ နန်းမေဘက်ကိုလှည့်ကြည့်ကာ တွေးတောနေသည်။
နေ့လည်ရောက်တော့ထုံးစံအတိုင်းထမင်းစားကာ နန်းမေ နှင့် သင်းရနံ့တို့စကားဖောင်းဖွဲ့ပုံကိုကြည့်ပြီးရိပ်မိလိုက်သည်။
VOCÊ ESTÁ LENDO
Fantasiaအကောင့်ပျက်သွားလို့ စာအုပ်ခွဲပြီးရေးလိုက်တယ် Book 2