စိုင်းလင်းရာ သူ့ရှေ့ကတံခါးကို ခေါက်ပြီး အခန်းအတွင်းက အသက်ကြီးပိုင်း ယောက်ျားကြီးတစ်ယောက်၏ခွင့်ပြုသံထွက်လာပြီးသာနဲ့ တံခါးဖွင့်ကာ၀င်လိုက်သည်။
အခန်းအတွင်းမှာ သူ့နဲ့အရွယ်သူ ယောက်ျားနဲ့သက်ကြီးပိုင်းယောက်ျားကြီးထိုင်ကာစောင့်နေသည်။
"ဦးငယ် ကိုကျန်းကျန်းမာမာနဲ့တွေ့ရတာဝမ်းသာပါတယ်"
"အင်း မင်းရော်ဘဲ"
ပြောကာထိုင်ခိုင်းလိုက်သည်။
"ငါကြားရတာတော့ မင်းလုပ်ငန်းတွေအဆင်မပြေဘူးဆို"
ထိုယောက်ျားကြီးကဆက်ပြောသည်။
"ဟုတ်ပါတယ် ဘယ်သူလုပ်တာကိုကျွန်တော်မသိပေ့မဲ့ ကျွန်တော် ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်း နဲ့ကျွန်တော်၀ယ်ယူမဲ့မြေယာ ကို သူကဝင်နှောင့်ယှက်နေတယ် နောက်ပြီး ကျွန်တော်စီစဉ်ထားတဲ့ကိစ္စတွေကိုလည်း သူက နှောင်းနှေးအောင်လုပ်နေတာ"
ဒေါသတစ်၀က်နဲ့စိတ်ဖိစီးတဲ့ပုံဖြင့်ပြောလိုက်သည်။
"မင်းရဲ့အလုပ်ကို ၀င်နှောက်တဲ့သူက ဘယ်သူဆိုတာကိုသိလား"
"ကျွန်တော်သိသလောက် သူက ဟိုလ်တယ် စားသောက်လုပ်ငန်းနှင့်အိမ်ယာလုပ်ငန်းပိုင်တယ် ပြီးတော့ တချို့ကျောင်းမှာ ရင်းနှီးမြှုပ်နှံတယ်လိုကြားတယ်"
"မင်းပြောပုံကိုကြည့်ရတာ ငါ လူတစ်ယောက်ကိုပြေးမြင်မိတယ်"
"ဦးငယ် ဘယ်သူလဲများလဲ ဦးငယ်ရင်းနှီးတဲ့သူထဲကတစ်ယောက်လား"
စိုင်းလင်းရာက သူ့ဦးလေးကိုမေးလိုက်သည်။
"မဟုတ်ဘူး "
"ဒါဆို သူက ဘယ်သူလဲ ဦးငယ်"
"မင်းတို့ Jade ဆိုတဲ့ နာမည်ကိုကြားဖူးလား?"
စိုင်းလင်းရာက မျက်မှောင်ကြုံ့ပြီးခေါင်းခါကာ စဥ်းစာဟန်နဲ့ "မသိဘူး"လို့ပြောလိုက်ပြီး ထိုယောက်ျားကြီးက စိုင်းခန့်ကိုလှည့်ကာ မင်းသိလားဆိုပြီးမင်းသိရင်သူကိုရှင်း ပြလိုက်ဆိုတဲ့ပုံနဲ့ကြည့်သည်။
ESTÁS LEYENDO
Fantasíaအကောင့်ပျက်သွားလို့ စာအုပ်ခွဲပြီးရေးလိုက်တယ် Book 2