Unicod
ကျနော်က စိုင်းထက်ရန်းပါ ကျနော်က လူအများရှေ့မှာဟန်ဆောင်ရ ဒါကိုကြိုက်တယ် ဘာဖြစ်လို့လဲဆိုတော့ ဝါသနာပါလို့ပေါ့ နောက်ပြီးစိတ်ဝင်စားဖို့ကောင်းတယ်လေ။
ကျနော် နန်းမေကို လွန်ခဲ့တဲ့၃နှစ်ကAမြို့မှာ စသိတာ အဲဒီတုန်းက ကျနော့်ပုံစံက အခုလိုမဟုတ်ဘူးလေ နန်းမေကိုစတွေ့ တဲ့ ကျနော်ပုံက လမ်းသရဲပုံနဲ့ အိမ်မရှိ ရာမရှိတဲ့ပုံပေါ့ နန်းမေကကျွန်တော်ကို မမှတ်မိတာ မဆန်းပါဘူး
ခင်ဗျာတို့ အံ့ဩကြမယ်လို့ထင်တယ် လူပေါ်ကြော့ရှင်း သူဌေးသားဟာ ဘာလို့အဲ့ဒီပုံဖြစ် နေရသလဲလို့ သိချင်ကြမှဘဲနော်။ကျနော်က ကျနော့် အဖေရဲ့အာဏ အောက်မှာမနေချင်လို့ ရှင်းရှင်းပြောရင် ကျနော်က ကျနော့် အဖေနဲ့မတည့်ဘူး။ အဲ့တာကြောင့် အစ်ကိုရဲ့ အကူအညီကိုယူပြီး ကိုယ်စိတ်နဲ့ကိုယ့် တစ်ယောက်တည်းနေဖို့ အိမ်ပေါ်ကနေထွက်လာတာပါ။
နန်းမေကို ကျနော် စတိုးဆိုင်မှာစတွေ့တုန်းကဆိုရင်
နန်းမေ:"ဆိုင်ရှင်ကြီး ပိုက်ဆံရှင်းမယ်"
ဆိုင်ရှင်:"လာပြန်ပြီး ဒီနွားနို့တွေ ဟဲ့ကလေးမ ငါတို့ဆိုင်မှာ နွားနို့ဘဲ ဝယ်တော့မလို့လား တစ်ခြားဟာ ရောမဝယ်ဘူးလား"
လာနေကျဖောက်သည်လိုပြောလိုက်တယ်။
နန်းမေ:"ဝယ်ဘူး နန်းမေက ဒါဘဲကြိုက်တယ်"
Boy:"ဆိုင်ရှင် နွားနို့ကျန်သေးလား"
အသက်မပါတဲ့ အသံလိုပြောသည်။
သူတို့နှစ်ယောက်နား ကောင်လေးတစ်ယောက် ရောက်လာသည်။
ဆိုင်ရှင်:"မကျန်တော့ဘူး ကောင်လေးရေ"
ကောင်လေးဟာနန်းမေဘက်ကိုလှည့်ပြီး
Boy:"မင်း ငါကိုနွားနို့ တစ်ဘူးလောက်ရောင်းပေးနိုင်မလား"
နန်းမေ:"မရောင်းနိုင်ဘူး"
နန်းမေက အပြတ်ပြောလိုက်ပြီးတစ်ဖက်က ဘာမှာမပြောဘဲငြိမ်နေသည်။နောက်ဆိုင်အကူ တစ်ယောက်ကလာပြီး
VOCÊ ESTÁ LENDO
Fantasiaအကောင့်ပျက်သွားလို့ စာအုပ်ခွဲပြီးရေးလိုက်တယ် Book 2