🐆Chapter-42🦅(U.Z)

167 10 0
                                    

"~ဟူး~"

စားသောက်ဆိုင်မှာ နန်းမေတစ်ယောက် စိတ်ရှုပ်စရာ တစ်စုံတစ်ခုကိုတွေးကာ ရှေ့ကစားပွဲ ပေါ်မှာ သောက်ပြီးသောနို့ခွက်ကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။

၎င်းကို သန့်ရှင်းရေးနေတဲ့ စားပွဲထိုးက ဝေးကနေကြည့်နေတယ်။

"ဂျာကြီး"

သူနားမှာ စာရင်းစစ်နေတဲ့ မန်နေဂျာကိုခေါ်လိုက်သည်။

"...."

"ဂျာကြီး!"

"အမ်း"

လည်းချောင်းသံဖြင့်စာရင်း စစ်ရင်းဖြေလိုက်သည်။

"ဒီနေ့ ငါတို့မင်းသမီးလေးက တစ်မျိုးကြီးကွာ မင်းရော ဘာဖြစ်မယ်လို့ထင်လဲ"

ထိုစကားကိုကြားတဲ့မန်နေဂျာက လုပ်နေတဲ့အလုပ်ကိုရပ်ပြီး နန်းမေကိုခနကြည့်ကာ ဘာမှမဖြစ်သလို့နဲ့ အလုပ်ကိုပြန်လုပ်ရင်း

"မင်းသိချင်ရင်သွားမေးလေ"

ပြောလိုက်တယ်။

နန်းမေအနားကိုလာပြီး နွားနို့အသစ်တစ်ခွက်ချပြီးမေးလိုက်သည်။

"Valley လေး ဘာတွေးစဥ်စားနေလဲ"

"ဘာမှတော့မဟုတ်ဘာဘူး အကိုသစ်"

"အခက်အခဲ တစ်စုံတစ်ရာရှိလည်း ရောဒီကအကို ကိုရင်ဖွင့်လိုရတယ်နော်"

"ဒီလိုအကိုသစ် နန်းမေ သူငယ်ချင်းက နန်းမေကို ရင်ဖွင့်လာတယ် သူကပြောတယ် သူက သူရဲ့ သူငယ်ချင်းကို သူငယ်ချင်းထက်ပိုခံစားချက်ရှိနေတယ် အဲ့ဒီသူငယ်ချင်းက သူ့နဲ့တစ်ချိန်ကခင်မင်ဖူးတဲ့သူ နောက်ပြီး သူက နန်းမေသူငယ်ချင်းရဲ့ ရန်သူမိသားစုဝင်တစ်ယောက်ဖြစ်နေပြန်ရော"

"တော်တော်လေးကိုရှုပ်တဲ့ ဇာတ်လမ်းဘဲ ကွာ"

ဝိတ်တာက မေးစေ့ကိုလက်ဖြင့်ပွတ်ရင်းစဥ်းစားနေဟန်ပြောလိုက်သည်။

"အကိုသစ်က နန်းမေသူငယ်ချင်းနေရာမှာဘာလုပ်မလဲ"

"အင်း...ကိုယ့်ခံစားချက်ကိုတစ်ဖက်လူသိအောင်ဖွင့်ပြောလိုက်မယ် တစ်ဖက်လူကလက်ခံမခံ မှာတော့ကိုယ်အတွက်အရေးမကြီးဘူး "

Fujoshiမားမား&Ukeယောင်ဆောင်သော်StraightကြီးFujoshiမားမား&Ukeယောင်ဆောင်သော်StraigTempat cerita menjadi hidup. Temukan sekarang