🐑Chapter-33🦁(U.Z)

404 35 2
                                    

~ဒေါက်...ဒေါက်~ (တံခါးခေါက်သံ)

''က​လေးတို့ စာလုပ်ပြီးကျပြီလား"

အနှောင့်အယှက်မ ဖြစ်​အောင်လို့ တိုးတိုး​လေး​ပြောလိုက်သည်။

"ခုနကဘဲပြီးသွားတာ​ လေးလေး"

"ဒါနဲ့ က​လေးတို့အတွက် မားမီက ဂျပန် စတိုင် ဟော့​ပေါ့နဲ့ Oden လုပ်ထားတယ် ကြိုက်ကြရဲ့လား"

"မားမီခိုက်ရဲ့ လက်ရာက သမီးအတွက် နတ်ဘုံဘဲ စားလိုက်တိုင်း အရသာရှိ​ပြီးစားလို့​ကောင်းတယ်"

သင်းရနံ့က ပြောသည်။

"ထက်ရန်းရောကြိုက်ရဲ့လား"

"ကြိုက်ပါတယ်"

"အဲ့တာဆို့အဆင်​​ပြေပြီး ခန​နေဆိုရင်​အောက်ထပ်ကို ဆင်းလာလို့ရပြီး​နော်"

"ဟုတ်"

ဆိုပြီးသုံး​ယောက်သား​ပြောလိုက်သည်။

ခန​နေ​တော့ နန်း​မေတို့ စာအုတ်​တွေသိမ်းပြီး အောက်ဆင်းလာချိန်မှာ ဟင်းအနံ့ရလိုက်သည်။

"ဝါးမွှေးလိုက်တာ လေး​လေး"

"လာကြ လာထိုင်ကြလေ မားမီက Oden ဟင်း​ရည်နည်း နေ​တော့ Miso ဟင်းချိုလုပ်ထားတယ်... ထက်ရန်းဘာရပ်လုပ်​နေတာလဲ ထိုင်​​လေ "

စိုင်းထက်ရန်းက ဟင်းနံ့​ကြောင့်​​တွေး​ဝေ​နေတာမြင်​တော့ မင်းသိုက်ခိုက်က​ပြောလိုက်သည်။

နန်း​မေကတော့ ထုံးစံအတိုင်း အရင်ဦး​အောင်စားလိုက်သည်။

စိုင်းထက်ရန်း က အာခေါင်ခြောက်လို့ Misoဟင်းချိုကို အရင်​သောက်နေရင်း မျက်လုံးက ဘလင်းဘလင်း လတ်သွားပြီး ဟင်းချို တစ်ပန်းကန်လုံးကုန်​အောင်​မော့ သောက်လိုက်တယ်။

"ထက်ရန်း ဟင်းချို ယူဦးမလား အားမနာနဲ့နော်"

စိုင်းထက်ရန်းက နောက်တစ်ပန်းကန်း​ကို အားနာပါနာစွာနဲ့ တောင်းပြီး chikuwa နဲ့တွဲပြီးစားလိုက်သည်

နန်း​မေက​တော့ စိုင်းထက်ရန်းကိုကြည့်လိုက် စားလိုက်နဲ့စိတ်ထဲမှာ​တော့

'အားယားယား ပါးစပ်ဖောင်း​ဖောင်း နဲ့အားရပါးရ စား​နေလိုက်တဲ့က အသည်းယားဖို့​ ကောင်းလိုက်တာ ဟီး..ဟီး အိုးတောင်ပြောင်...ပြောင် ဘာလဲငါတစ်ခုဘဲ စားရ​သေး​လေ မရဘူး သားကသားဘဲ အစားကအစားဘဲ ဟွန့်'

Fujoshiမားမား&Ukeယောင်ဆောင်သော်StraightကြီးFujoshiမားမား&Ukeယောင်ဆောင်သော်StraigOù les histoires vivent. Découvrez maintenant