151+152

15.9K 555 30
                                    

အပိုင်း - ၁၅၁+၁၅၂

အပိုင်း - ၁၅၁

စုချင်းရီ တံခါးကို ထပ်ခေါက်ကာ အော်လိုက်သည်။
"ယောက်ျား. ကျွန်မ ရှင့်အတွက် အသီးယူလာပြီလေ"

"ငါ အခု အသီးမစားချင်သေးဘူး။ မင်း အခန်းကို အရင်ပြန်ပြီး အနားယူလိုက်"
ရိရန်ရဲ့အသံက အခန်းထဲကနေ ထွက်လာလေသည်။

-*ဒီခွေးကောင်က ဘာရောဂါထနေပြန်တာလဲ။ အခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့။ သောက်ရူးလိုပဲ*

စုချင်းရီ သစ်သီးတစ်စိပ်ကို ခက်ရင်းနဲ့ယူလိုက်ပြီး သူမပါးစပ်ထဲသို့ သွင်းလိုက်သည်။

"ဒါဆို ကျွန်မ အရင်ပြန်ပြီး နားတော့မယ်နော်။ ရှင်လည်း စောစောနားဖို့ မမေ့နဲ့ဦး"

-*ဒီည ရှင် အခန်းကို ပြန်မလာဘူးဆိုတာကို ငါမယုံဘူး*

ကွန်ပျူတာစာရိုက်နေသော ရိရန့်လက်တွေ ရပ်တန့်သွားသည်။ ရိရန့်မျက်ခုံးတွေ ထိလုမတတ်တွန့်ချိုးသွားကာ ဖိုင်ကို လှမ်းယူလိုက်လေသည်။

ကိုးနာရီ...

ဆယ်နာရီ...

ဆယ့်တစ်နာရီိ...

စုချင်းရီ အိပ်ချင်နေတဲ့ မျက်ခွံတွေကို အတင်းဖွင့်ကာ နံရံပေါ်က နာရီကို အရိပ်တကြည့်ကြည့်ဖြင့် စောင့်ကြည့်နေလေသည်။

-*ရိရန်က ဘာလို့ ပြန်လာမအိပ်သေးတာလဲ။ ဟိုမှာပဲ အိပ်ပျော်နေပြန်တာလား။ ဘာအလုပ်ကများ သူ့ကို မအိပ်ပဲနဲ့ ဆက်တိုက်အလုပ်လုပ်စေတာလဲ။ သူ ဒီလောက် နောက်ကျတဲ့အထိ မနေသင့်ဘူး။ အလုပ်လုပ်များလွန်းသွားရင် သူ့ဆံပင်တွေတော့ တကယ်ကို ဖြူလာတော့မှာပဲ။ ဒီလိုမျိုး ဆက်တိုက် အလုပ်လုပ်နေမယ်ဆိုရင် သူ ရုတ်တရက်ကြီး သေသွားနိုင်တယ်*

ဆယ့်နှစ်နာရီခွဲ...

တံခါးက ဖြေးငြင်းစွာ ပွင့်လာလေသည်။

စုချင်းရီ ဆိုဖာပေါ်မှာ အိပ်မောကျနေသည်။ စောင်က သူမကိုယ်ကို တစ်ဝက်ဖုံးကာ တစ်ဝက်ကတော့ ကြမ်းပြင်ပေါ်လျှောကျနေလေသည်။ သူမရဲ့အနေအထားကို ကြည့်ရတာ စောင့်ရင်းနဲ့အိပ်ပျော်သွားသည့် ပုံပင်။

I don't want your love (book 2) (completed)Where stories live. Discover now