171+172

3.8K 454 6
                                    

အပိုင်း - ၁၇၁+၁၇၂

အပိုင်း - ၁၇၁

“ကျွန်မ ဘာမှမလုပ်ပါဘူး။ ကျွန်မက ရှင့်ရဲ့ဇနီးလေ။ ဒီတော့ ရှင့်ကို ကူညီတာ ဘာလို့မှမဟုတ်ဘူး”

စုချင်းရီ ရိရန်ရဲ့ အပြင်ခံကုတ်ကို ချွတ်ကာ ယူသွားပြီး အိမ်နေဝတ်စုံကို ယူကာ ပြန်ထွက်လာသည်။
“ယောက်ျား အဝတ်လဲတော့”

ရိရန် မျက်မှောင်ကျုံ့ကာ တစ်ခုခုကို လေးလေးနက်နက်တွေးတောနေလိုက်သည်။ သူ့ရဲ့အတွေ့အကြုံတွေအရ စုချင်းရီ ဒီလိုမျိုး ပြုမူနေတာက ပြဿနာတစ်ခုခုရှာထားလို့ ဒါမှမဟုတ် တစ်ခုခုကို ပြဿနာရှာတော့မလို့ပင်။

ကြည့်ရတာ လွယ်ကူသည့် ကိစ္စတော့ မဖြစ်နိုင်ပေ။

သို့သော် သူအတော်ကြာ စောင့်ဆိုင်းသော်လည်း စုချင်းရီက သူ့ကို ဘာကိစ္စအကြောင်းမှ ပြောမလာခဲ့ပေ။

“ယောက်ျား.. ရှင် ဘာဖြစ်နေတာလဲ”

“ဘာမှမဖြစ်ပါဘူး”

ရိရန် အိမ်နေအဝတ်အစားကို ယူကာ ရေချိုးခန်းထဲ ဝင်သွားသည်။ သူရေချိုးပြီး ပြန်ထွက်လာတော့ စုချင်းရီက သစ်သီးဖျော်ရည်တစ်ခွက်ကို ကိုင်ကာ သူ့အရှေ့မှာ လာရပ်လေသည်။

“ယောက်ျား ရေဆာနေပြီမလား။ ဒီသစ်သီးဖျော်ရည်ကို ကျွန်မရှင့်အတွက် အထူးစပါယ်ရှယ် ဖျော်ပေးထားတာ။ ဓာတုပစ္စည်းမပါဘူး။ မြန်မြန်သောက်လိုက်”

ရိရန် ထူးထူးဆန်းဆန်းနဲ့ စုချင်းရီကို ကြည့်လိုက်သည်။ ထို့နောက် သူက မသောက်သေးပဲ စုချင်းရီကို မေးလိုက်သည်။

“စုချင်းရီ. မင်းဘာလုပ်ချင်နေလဲ ပြောတော့”

“ကျွန်မ ဘာမှမလုပ်ချင်ပါဘူး”

စုချင်းရီ သူ့ကို ဆိုဖာပေါ်ကို ထိုင်အောင် တွန်းချလိုက်သည်။
“ယောက်ျား. ဒီနှစ်ရက်အတွင်း ရှင့်မှာ အချိန်ရှိလား”

လုပ်ပြီ!
စုချင်းရီ တစ်ခုခုကို စီစဉ်နေပြီဆိုတာကို သူသိနေပါသည်။

ရိရန်က ပြန်ထရပ်လိုက်ကာ
“ဘာဖြစ်လို့လဲ”

“ပဲရစ်နှစ်ကုန်ဖက်ရှင်…”

I don't want your love (book 2) (completed)Where stories live. Discover now