155+156

4.5K 575 22
                                    

အပိုင်း - ၁၅၅+၁၅၆

အပိုင်း - ၁၅၅

“မင်း ကောလိပ်တုန်းက ဟာတွေကို ကောင်းကောင်းမှတ်မိနေတာပဲ”

“သေချာတာပေါ့. ဒါက…”

စုဝေ့ရင်း တစ်ခုခုကိုတွေးမိသွားပုံပေါ်ကာ ကျန်းဟွိုက်ကို ပြုံးပြလိုက်သည်။
“မစ္စတာကျန်း ကျွန်မနဲ့ရိရန်က သာမန်သူငယ်ချင်း အတန်းဖော်တွေပါပဲ”

စုချင်းရီ မိန်းမတစ်ယောက်အနေနဲ့ ရိရန်ကို သနားသွားသလို ခံစားလိုက်ရသည်။ သူမ ဒီတစ်ကြိမ်မှာတော့ တိတ်ဆိတ်ပြီး မနေနိုင်တော့ပေ။

“စုဝေ့ရင်း ငါ နင်နဲ့ရိရန်ရဲ့အတိတ်ကအကြောင်းအရာတွေကို မသိချင်ဘူး။ ဒါကြောင့် နောက်ထပ် ပြောမနေနဲ့တော့”

စုချင်းရီ သူမတို့စားပွဲနဲ့ အနည်းငယ်အလှမ်းဝေးသော နေရာတွင် ထိုင်နေသည့် ချင်းယန်ကို ညွှန်ပြလိုက်ကာ

“နင် ချင်းယန်ကို သိလား။ သူမ ငယ်ငယ်တုန်းက ရိရန်နဲ့အတူ တစ်အိမ်တည်းနေခဲ့သလိုကို ဖြစ်နေတာ။ သူတို့နှစ်ယောက် ကျောင်းလည်းအတူတူတက်ခဲ့တာ။ ပြီးတော့ ရိရန်က သူမကို အသက်နှစ်ဆယ့်ငါးနှစ်ပြည့်ရင် လက်ထပ်မယ်လို့တောင်ပြောခဲ့သေးတယ်။ ဒါကိုတောင် ငါက ဂရုမစိုက်ဘူးလေ။ ပျင်းစရာကောင်းလွန်းတယ်”

ရိရန်က သူမစကားကို အမှန်ဖြစ်အောင် ပြန်ပြင်ပေးလေသည်။

“ကိုယ် ဘယ်တုန်းကမှမပြောခဲ့ဖူးဘူး”

“…ရှင်ပြောခဲ့တယ်လို့ ပြောကြတယ်လေ။ ရှင်မေ့နေလို့ဖြစ်မှာပါ”

“ကိုယ် ဘယ်တုန်းကမှ မပြောခဲ့ဘူး”

“ပြောခဲ့ပါတယ်။ မဟုတ်ရင် ချင်းယန်က ဘယ်လိုလုပ်ပြီး အဲဒီစကားကို ရှင်းရှင်းလင်းလင်း မှတ်မိနေရတာလဲ”

ရိရန် မျက်မှောင်ကျုံ့လိုက်သည်။

စုဝေ့ရင်းကတော့ သူမကို အဖက်မလုပ်တော့တာကို အရှက်ပြေအပြုံးလေးပြုံးလိုက်ပြီး စကားပြန်စလေသည်။

“ဒီလိုလား။ မစ္စရိရဲ့စိတ်ထားလေးက ကောင်းတာပဲ။ ဒါဆို အရင်က ဘာလို့ ကျွန်မနဲ့ရိရန်ကို အထင်လွဲရတာလဲ”

I don't want your love (book 2) (completed)Donde viven las historias. Descúbrelo ahora