289+290

3.6K 370 13
                                    

အပိုင်း - ၂၈၉+၂၉၀

အပိုင်း - ၂၈၉

မျက်လုံးလေးလုံး မျက်နှာချင်းဆုံနေကြသည်။

သူတို့ရဲ့ ခေါင်းတွေက ထိကပ်နေကြပြီ။

စုချင်းရီရဲ့ ထွက်သက်နွေးနွေးလေးက သူ့မျက်နှာကို ထိခတ်နေသည်။ သူ ဝိုင်နံ့ကို မရတော့ပေ။ ရိရန် ချိုမြိန်မှုတစ်ခုသာ စိတ်ထဲစွဲနေတော့သည်။ သူ လူတစ်ယောက်ရဲ့ **ကို ပထမဆုံး စိုက်ကြည့်မိသည်။

“ရိရန်”

စုချင်းရီက သူ့ကို ခေါ်သည်။

" ကျွန်မ ရှင့်နာမည်ခေါ်ကို ကြိုက်လား?”

“မင်းကြိုက်တဲ့ နာမည်ကို ခေါ်ပါ”

ရုတ်တရက်ကြီး စုချင်းရီက ထရယ်သည်။ သူမရဲ့ အနီရောင်နှုတ်ခမ်းလွှာကြားက သွားဖြူဖြူတွေက ထွက်ပေါ်လာကာ သူမရဲ့အပြုံးက ပျားရည်လိုမျိုး နူးညံ့နေသည်။ သူမရဲ့နှလုံးသားက ခုန်နေကာ သူမကိုယ်သူမတောင် သတိမထားလိုက်မိပေ။

“ကျွန်မ ရှင့်ကို ယောက်ျားလို့ ခေါ်တာကို ကြိုက်လား?”

ရိရန် ပြန်မဖြေပေ။

သူမ ရိရန်ရဲ့နက်ခ်တိုင်ကို တင်းတင်းကြပ်ကြပ်ဆွဲကာ သူ့ကို ဆွဲချလိုက်သည်။ သူမအပေါ်ကို လဲကျလာတဲ့ ရိရန်ရဲ့ အပေါ်နှုတ်ခမ်းကို သူမ ကိုက်ပစ်လိုက်သည်။

ရိရန်ရဲ့ မျက်လုံးတွေ မှောင်မိုက်သွားသည်။ သူ ဘာလှုပ်ရှားမှုမှမရှိပဲ စုချင်းရီကိုပဲ စောင့်ကြည့်နေလိုက်သည်။

ခဏကြာတော့ စုချင်းရီ ပင်ပန်းသွားသည်ထင်သည်။ သူမ ရိရန်ကို လွတ်ပေးလိုက်ကာ ဘေးသို့ တွန်းဖယ်လိုက်ပြီး

“ပျင်းစရာကောင်းလိုက်တာ။ ကျွန်မ အိပ်တော့မယ်”

ရိရန် ကုတင်ဘေးမှာ ရပ်နေသည်။ သူက စုချင်းရီကိုပဲ စိုက်ကြည့်နေကာ

“ဒါက မင်းမူးလာရင် ဖြစ်တဲ့ပုံစံလား?”

စုချင်းရီ အိပ်ပျော်နေသလို ဘာမှပြန်ဖြေတော့ပေ။

“မဖြေဘူးလား?”

စုချင်းရီ ရူးမိုက်စွာပဲ မျက်လုံးဖွင့်မိသွားသည်။

I don't want your love (book 2) (completed)Where stories live. Discover now