161+162

4.1K 461 31
                                    

အပိုင်း - ၁၆၁+၁၆၂

အပိုင်း - ၁၆၁

“50.5မီလီယံ ဒုတိယအကြိမ်!”

စုဝေ့ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်လေသည်။

“50.5မီလီယံ တတိယအကြိမ်!”

အားလုံးက အပ်ကျသံတောင် မကြားရလောက်အောင် တည်ငြိမ်နေလေသည်။

“55မီလီယံ”

နက်ရှိုင်းသော အသံတစ်သံထွက်ပေါ်လာလေသည်။ အရမ်းစိတ်လှုပ်ရှားနေမိသော စုချင်းရီ ရေအေးအေးနဲ့လောင်းခံလိုက်ရသလို အေးစက်သွားလေသည်။

သူမ ဘေးကို လှည့်ပြီး ဈေးပြိုင်သူကို ကြည့်လိုက်တော့ ကျန်းဟွိုက်ဖြစ်နေလေသည်။ စုဝေ့ရင်းကတော့ ကျန်းဟွိုက်ကို ကြည့်ကာ အရမ်းကို စပရိုက်ဖြစ်နေလေသည်။

-*ငါ သူနဲ့ ဈေးပြိုင်ရမှာလား။ သူက ဘာလို့ မိန်းမတွေရဲ့တိုက်ပွဲကြားကို ဝင်ပါရတာလဲ။ သူက ယောက်ျားမဟတ်ုဘူးလား!!!*

-*မိန်းမတစ်ယောက်အတွက် မီလီယံ50တောင် ကုန်ကျခံပေးတယ်ပေါ့။ နင်က တကယ်ကို ယောက်ျား မဟုတ်ဘူးပဲ!!!*

-*ရှင်သိလား။ ဒီ50မီလီယံကို ရှင့်ကုမ္ပဏီမှာ ရင်းနှီးလိုက်ရင် ဘယ်လောက်တောင် အမြတ်တွေရမှာလဲလို့။ ဒါကိုများ အချစ်အတွက်နဲ့ အကုန်ခံတယ်တဲ့။ အိုး! နင်က အချစ်ကြောင့် မျက်ကန်းဖြစ်နေပြီပဲ*

အစ်ကိုကြီးက အလှလေးအတွက်နဲ့ ပိုက်ဆံတွေ အကုန်ခံနေတယ်။

ကျန်းမိသားစုက တော်တော်ကို လျှို့ဝှက်နိုင်လွန်းသည်။ သူ့နောက်ခံကလည်း စုံစမ်းဖို့ အတော်ပင် ခက်ခဲလှပေသည်။ အကယ်လို့ ကျန်းဟွိုက်ကသာ ဒီလည်ဆွဲကို လိုချင်ရင် သူမက ဘယ်လိုလုပ် အနိုင်ရဦးမှာလဲ။

-*ခွေးကောင်ကတော့ ငါမလိုချင်ဘူးလို့ ပြောလိုက်တာလေးနဲ့ ငါ့ကို လုံးဝကို မကူညီတော့ဘူး*

စုချင်းရီ လွန်ခဲ့တဲ့မိနစ်နှစ်ဆယ်က လည်ဆွဲကို မကြိုက်ဘူးဟု ပြောခဲ့သော မိမိကိုယ်ကို ပြန်သတ်ပစ်ချင်သွားသည်။

-*သူ သေချင်နေတာလား။ ငါ့မှာ ကိုယ်ပိုင်ပိုက်ဆံတွေ အများကြီးရှိဖို့ လိုနေပြီ။ ဒါပေမဲ့ ဒီလည်ဆွဲကို ဝယ်လိုက်ရင် ငါ့မှာ ပိုက်ဆံတွေကျန်မှာ မဟုတ်တော့ဘူး*

I don't want your love (book 2) (completed)Tempat cerita menjadi hidup. Temukan sekarang