275+276

3.4K 430 12
                                    

အပိုင်း - ၂၇၅+၂၇၆

အပိုင်း - ၂၇၅

ဓာတ်လှေကားတံခါး ပွင့်သွားသည်။

စုချင်းရီ ဓာတ်လှေကားထဲကနေ ဖြေးညင်းလှစွာသော ခြေလှမ်းနဲ့ ထွက်လာလေသည်။ သူမ မနေ့ညက တကယ့်အချက်အကြီးကြီးကို လက်လွတ်ခဲ့ရတာပင်။

အမှားက ကြီးမားလွန်းတယ်။

ငါကရော ဘာလို့ အရမ်းဝမ်းနည်းနေရတာလဲ?

အကယ်လို့ ရိရန်ကသာ မင်္ဂလာနှစ်ပတ်လည်နေ့ကို မေ့ပစ်ခဲ့မယ်ဆိုရင် သူမ သူ့ဆီကနေ ကျသင့်သမျှသော ငွေတွေကို ပြန်တောင်းမှာဖြစ်သည်။

-*ငါ ရိရန်ကို ဘယ်လိုရှင်းပြရမှာလဲ? သူ ငါ့ကို ကုန်ကျစရိတ်ပြန်တောင်းရင်ရော?*

“တောင်းပန်ပါတယ်။ မနေ့ညက ရှင်စာပို့ထားတာ မတွေ့လိုက်ဘူး။ ဒါကြောင့်…”

-*ဒါက ငါ ငါတို့ရဲ့နှစ်ပတ်လည်နေ့ကို မေ့သွားတယ်လို့ ပြောတာပဲမလား။ မဟုတ်သေးဘူး။ ငါ နှစ်ပတ်လည်နေ့ကို မေ့သွားတယ်ဆိုတာကို မဖမ်းမိစေနဲ့*

“ယောက်ျား ရှင်မသိလို့နော်။ မနေ့ညက အန်းယငိုနေတာက အရမ်းသနားစရာကောင်းတယ်။ ကျွန်မ သူ့ကို တစ်ယောက်တည်း မထားခဲ့နိုင်လို့ပါ။ ညက ရှင်နဲ့အတူမရှိပေးနိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်”

စုချင်းရီ ခဏလောက် တွေးလိုက်သေးသည်။

-*ဒါက မီးထဲ လောင်စာထည့်လိုက်သလိုများဖြစ်နေလား။ ရိရန် အရှက်ရပြီး ဒေါသထွက်သွားလိမ့်မယ်။ ငါ ဘယ်လိုအကြောင်းပြချက်ပေးသင့်လဲ*

“ဒါလည်း မဟုတ်သေးဘူး။ ဒါလည်း မဟုတ်ဘူး။ နင် ဘယ်လို ရှင်းပြမှာလဲ စုချင်းရီရဲ့”

စုချင်းရီ တံခါးဝမှာ ရပ်ကာ စိတ်လှုပ်ရှားနေလေသည်။

သူမ တံခါးဝင်ပေါက်ကို ကြည့်နေကာ ရိရန်ထွက်သွားပြီလား အခန်းထဲမှာ ရှိနေသေးလားဆိုတာကို စူးစမ်းတဲ့အနေနဲ့ တံခါးနားကို နားကပ်ပြီး နားထောင်ကြည့်လိုက်သည်။

-*ရိရန်က အရမ်းဂရုစိုက်တတ်တာမဟုတ်လား။ ငါတို့မှာ နောက်နှစ်တွေလည်း နှစ်ပတ်လည်ရှိတာပဲလေ။ အရင်နှစ်တွေကို ပြန်မပြောသေးဘူးနော်။ ဒီနှစ်ကျမှ သူ ဒီလိုထလုပ်တာပဲ*

I don't want your love (book 2) (completed)Opowieści tętniące życiem. Odkryj je teraz