243+244

3.3K 415 17
                                    

အပိုင်း - ၂၄၃+၂၄၄

အပိုင်း - ၂၄၃

ထုံထုံက စုဝေ့ရင်းကိုကြည့်လိုက်ကာ လေးလေးပင်ပင်နဲ့ ခေါင်းညိမ့်ပြလေသည်။

**

ဓာတ်လှေကားထဲမှာ ဘယ်သူမှစကားမပြောကြချေ။

ကားပေါ်ပြန်ရောက်မှ ဖိုးဖိုးရိက ဒေါသထွက်နေသော အသံနဲ့

“ရိရန်ကို ပြန်လာဖို့ ခေါ်လိုက်”

“အဖေ ဒါက…”

“ရိရန်ကို ပြန်ခေါ်လိုက်လို့ ငါပြောနေတယ်လေ”

ဘာမှမလုပ်နိုင်တော့ပဲ။ မစ္စရိက ရိရန်ကို ဖုန်းခေါ်ကာ အခုချက်ချင်း အိမ်ပြန်လာဖို့ ပြောလိုက်ရသည်။

ဖုန်းဆက်ခေါ်ခံရသော ရိရန်မှာ ဘာတွေဖြစ်နေလဲဆိုတာကို မသိပေ။ ဒါပေမဲ့ သူ့အဖိုးက သူ့ကို အခုချက်ချင်းပြန်လာဖို့ ခေါ်တယ်ဆိုတော့ ကောင်းတာတစ်ခုခုတော့ မဟုတ်နိုင်ပေ။

အိမ်ကို မြန်နိုင်သမျှ အမြန်ဆုံး သူပြန်လာလိုက်သည်။ သို့သော် တံခါးကိုဖြတ်သည်နဲ့ အိမ်ထဲက လေထုက အခြေနေမကောင်းဘူးဆိုတာကို သူသတိပြုမိသွားသည်။

ဖိုးဖိုးရိက အိမ်ပေါ်က စာကြည့်ခန်းထဲမှာ သူ့ကိုစောင့်နေတယ်လို့ ချန်ပေါ်က လာပြောလေသည်။ သူက ရိရန်ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သေးသည်။ ပြီးတော့ အိမ်ပေါ်ကို ဂရုတစိုက်ခေါ်သွားပေးသည်။

ရိရန် ဘာမှမပြောပဲ အသံတိတ်ပြီး အပေါ်ထပ်ကို တက်သွားလေသည်။ သို့သော် ဖိုးဖိုးရိ ဘာဖြစ်နေလဲဆိုတာကို တွေးကြည့်ရင်း သူ့နှလုံးသားက တုန်ရီနေမိသည်။

စာဖတ်ခန်းထဲမှာ ဖိုးဖိုးရိနဲ့မေမေရိက အရမ်းဆိုးနေတဲ့ မျက်နှာထားတွေနဲ့အတူ ထိုင်နေလေသည်။ ရိရန် အခန်းထဲကို ဝင်လာတာနဲ့ သွေးသားစစ်ဆေးချက်ကို သူ့ဆီကို ပစ်ပေးလိုက်သည်။

ဖိုးဖိုးရိက ကြိမ်တုတ်ကောက်ကြီးနဲ့ ရိရန်ကို ထရိုက်တော့မလိုဖြစ်နေကာ

“ကြည့်. အဲဒါကို ဖတ်ပြီးရင် ငါ့ကို ဖြေရှင်းချက်ပေးစမ်း!”

ဖိုးဖိုးရိက လူချမ်းသာမိသားစုတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဒီလိုအရာတွေကို လုံးဝ လုံးဝကို မကြိုက်ပေ။

I don't want your love (book 2) (completed)Tahanan ng mga kuwento. Tumuklas ngayon