273+274

3K 360 3
                                    

အပိုင်း - ၂၇၃+၂၇၄

အပိုင်း - ၂၇၃

“ဒီနှစ်ရက် အလုပ်ကို မလာတာက ဒီလိုမျိုး သောက်စားပြီး အရက်အိုးထဲ ခေါင်းနှစ်နေလို့လား? အရက်တွေ သေအောင် သောက်နေတာလား?”

စုချင်းရီ သူမအရှေ့ ပုလင်းတွေနဲ့ ခွက်တွေကို ကြည့်လိုက်ကာ နှာခေါင်းရှုံ့လိုက်သည်။

“ဘာလဲ? အချစ်နာကျနေတာလား??”

“အသည်းကွဲတာလား?? အသည်းကွဲတာထက်ပိုတယ်ဟဲ့”

အန်းယ အံကြိတ်လိုက်ကာ ဝိုင်ပုလင်းကို ဖောက်လိုက်ပြန်သည်။ သူမ ခေါင်းကို မော့ပြီး ပါးစပ်ထဲ လောင်းထည့်လိုက်သည်။

“မသောက်နဲ့ဦး။ ဘာဖြစ်လဲ ဆိုတာ ငါ့ကို အရင်ပြောပြဦး”

အန်းယ ဝိုင်ပုလင်းကို စားပွဲပေါ် ခပ်ပြင်းပြင်းရိုက်ချလိုက်သည်။

“ဟိုတစ်နေ့တုန်းက ငါ ဘားမှာအရက်သွားသောက်တာ လောင်ရဲကို တွေ့ခဲ့တယ်။ ပြီးတော့…”

အန်းယ အံကိုကြိတ်ထားပုံက သူမ****ကို ကိုက်ခဲ့ရသလိုပင်။ သူမ ဝိုင်သောက်လိုက်ပြန်သည်။

“ခဏ!”

စုချင်းရီ အန်းယရဲ့လက်ကို ဆွဲလိုက်ကာ သူမကို ရပ်တန့်လိုက်သည်။

“ဘာဖြစ်ခဲ့တာလဲ? ဘာဖြစ်ခဲ့တာလဲလို့??”

“နောက်တော့…ငါ သူနဲ့ အိပ်ခဲ့တယ်”

ဒီအလှည့်အပြောင်းကြီးက ရုတ်တရက်ကြီးဖြစ်ကာ မမျှော်လင့်ထားခဲ့မိတာကြောင့် စုချင်းရီ မျက်လုံးကြီးပြူးထွက်ကာ အန်းယကို ကြည့်နေမိသည်။ သူမ အအထစ်ထစ်နဲ့ ထပ်မေးလိုက်သည်။

“ဘာ? နင် ဘာပြောလိုက်တာလဲ?? သူ နင့်ကို ဖိအားပေးခဲ့တာလား???”

အန်းယ ခေါင်းခါလိုက်သည်။

“ဟင့်အင့် ငါ သူ့ကို ဖိအားပေးခဲ့တာ”

“……”

ဒါကြီးက ဘယ်လို အခြေနေကြီးလဲ??

“ငါ ဟိုတယ် လုံခြုံရေးက စီစီတီဗီတွေရော ကားမှတ်တမ်းတွေကိုရော ကြည့်ပြီးပြီ။ ငါ သူ့ကို ဖိအားပေးခဲ့တာ်”

I don't want your love (book 2) (completed)Donde viven las historias. Descúbrelo ahora