ep 1

22.2K 800 80
                                    

Unicode

အမှောင်အတိပြီးသော ပတ်ဝန်းကျင်ကြောင့် အသက်ရှုရခက်ခဲလာသည်။ မူးဝေနောက်ကျိနေသော ဦးခေါင်းထက်တွင် အနက်ရောင်ကတ္တီပါသားဖြင့် အုပ်ဆိုင်းခံထားရသောကြောင့်ဖြစ်လေသည်။ တစ်ခုခုဆို ဒေါသကထောင်းခနဲမို့ ယခုမရေရာသော အခြေအနေကြီးတွင်လည်း နားမလည်နိုင်ခြင်းများကြောင့် ဒေါသမီးတို့လောင်မြိုက်နေလေသည်။

လှုပ်မရသော လက်နှစ်ဖက်မှာ နောက်ပြန် ချုပ်ထားခြင်းခံထားရသည်။ ဒါဘယ်လိုအခြေအနေကြီးလဲ။ မျက်မှောင်တို့စုကြုတ်မိသွားသည်။ နောက်ဆုံးဖြစ်ခဲ့သည်က barတွင် ကခုန်နေခြင်း။ အနက်ရောင်မဟေသီတစ်ဦးနှင့် တွဲကတုန်းကပင် အကောင်းကြီးရှိသေးသည်။ ရုတ်တရက်ဆန်လှသော အဖြစ်အပျက်နှင့် နားမလည်နိုင်သော အခြေအနေ။

"-ီးဖြစ်နေတာလားကွာ.....ကျုပ်ကို ဘာတွေလုပ်ထားကြတာလဲ....အခု​ဖြည်ပေးကြစမ်း....ကျုပ်အကြောင်းခင်ဗျားတို့သိသွားမယ်နော်...."

သူလိုလူကို သည်လိုလုပ်နိုင်သူ မရှိ။ ရန်ကုန်မြို့ မျက်နှာဖုံးစီးပွားရေးလုပ်ငန်းရှင်ကြီး ဦးမင်းနန်းဦးခိုက်ရဲ့ တစ်ဦးတည်းသော သားအား ထိရဲသူမရှိ။ အခု ဘယ်သူကများ အတင့်ရဲပြီး ရန်လာစနေသလဲ။ ဒါဆိုရင်တော့ မှားယွင်းရန်စမိတာပဲ။ ကိုယ်ကသာ အားကုန်အော်ပြောလိုက်တာ ဘာတုံ့ပြန်သံမှ ပြန်မလာဘူး။ ဘယ်လောက်တောင် စိတ်ရှုပ်ဖို့ ကောင်းလဲ။

ကိုယ့်အတွေးနှင့်ကိုယ် အံကြိတ်နေရင်း ဇွတ်ခနဲဆွဲဖယ်ခံလိုက်ရသော အနက်ရောင်ကတ္တီပါစ။ အလင်းရောင်နှင့် ခဏတာ အဆက်အသွယ် ပြတ်သွားရသည်မို့ ချက်ချင်း မျက်လုံးမဖွင့်ရဲသေး။ နောက်မှတဖြေးဖြေး စူးထင်းနေသော အလင်းရောင်အား အံတုလိုက်ရသည်။

သူတစ်ဦးတည်းကိုသာ ကွက်၍ မီးထိုးထားသည်မို့ ဘေးပတ်လည်တွင်ရှိနေသော လူများအား ဘယ်သူဘယ်ဝါမှန်းမသိရ။ ထိုလူတို့၏မျက်နှာနေရာမှာ မှောင်ရိပ်ကျလျက်ရှိသည်။

"ကျုပ်ကို လွှတ်ပေးကြ....ကျုပ်ဘယ်သူမှန်းမသိဘူးလား....ခင်ဗျားတို့အသက်ပျောက်ချင်လို့လား...."

You own Maung's world (completed)Où les histoires vivent. Découvrez maintenant