Unicode
ရှီကျောင့်ဟယ်နှင့် ပထမဆုံးတွေ့ဆုံခဲ့ခြင်းက ဆုပေးပွဲအပြီး After-partyမှာ ဖြစ်သည်။
ထိုစဥ်အခါက၊ကျွန်တော်သည် တက်သစ်စအနုပညာရှင်လေးတစ်ယောက်ဖြစ်ကာ၊အလုပ်လည်း သိပ်များများစားစားမရှိ၊ကော်ဇောနီပေါ် လျှောက်ခွင့်တောင် မရရှာသော တက်သစ်စအနုပညာရှင်လေးတစ်ယောက်သာ ဖြစ်၏။လျန်ဝမ်ဟောင်တစ်ယောက် ကျွန်တော့်အတွက် ရုပ်ရှင်ပွဲတော်ဆုပေးပွဲကို တက်ရောက်ဖို့ ဘယ်ကဖိတ်စာရလာတယ်မသိ၊ခုံနေရာမှာ တတိယတန်းဓာတ်ပုံဆရာ၏ ကိုယ်ရေးလက်ထောက်ရာထူးထက်တော့ပိုသည်ပင်။ထိုညက အနုပညာကြယ်ပွင့်လေးတွေပြိုးပြိုးပြက်ပြက်နှင့် တောက်ပလင်းလက်နေခဲ့ပြီး၊တောက်ပလင်းလက်လွန်း၍ မျက်လုံးတောင်ဖွင့်မရသည့်အထိ။အချောအလှလေးတွေတစ်ယောက်ပြီးတစ်ယောက် ကော်ဇောနီပေါ် တက်ဖို့ရာမစောင့်နိုင်တော့၊တစ်ယောက်ပြီးတစ်ယောက် ကြွကြွရွရွနှင့်အလှပြရှိုးလျှောက်နေခဲ့ကြပေသည်။
ဘယ်သူတွေ ဘာဆုရသွားသလဲ ကျွန်တော် စိတ်မဝင်စား၊ကျွန်တော်လည်းရတာမှမဟုတ်ပေဘဲ။လျန်ဝမ်ဟောင် ကျွန်တော့်ကို တိုက်တွန်းသင်ကြားပို့ချလိုက်တာကတော့ အဆက်သွယ်များများရအောင် ကော့တေးပါတီမှာ လူသိများအောင် မျက်နှာထွက်ပြဖို့ရယ်၊မျက်နှာအရည်ထူထူထားပြီး ရွှံ့တွန့်တွန့်ဖြစ်မနေဖို့ရယ်ပေါ့။
သူက ကျွန်တော် ပါတီမှာ ဝေလေဝါးလားနှင့် အနုပညာလောကထဲမှ အကောင်ကြီးများကို မျက်နှာလိုမျက်နှာရလုပ်၊ကပ်ဖားဖို့ရာ အခွင့်ရေးကြီး လွတ်သွားမှာရယ်၊အချည်းနှီးဘာမှမရလိုက်မှာရယ်၊သူပေးလာသောဖိတ်စာလေး အလဟဿဖြစ်သွားမှာရယ်ကို၊စိုးရိမ်နေမှန်း ကျွန်တော်နားလည်သဘောပေါက်ပါသည်။သူ ကျွန်တော့်ကိုလျှော့တွက်လွန်းသည်၊မျက်နှာအရည်ထူနေလျှင်တောင်၊စကားပရိယာယ်ကြွယ်ဝနေခဲ့လျှင်တောင်မှပဲ သည်နယ်ပယ်ထဲဝင်ဆန့်ဖို့ရာ လုံလောက်မနေပါ။ကျွန်တော့်လို အထက်တန်းမအောင်၊နိုက်ကလပ်မှာ အပျော်မောင်အဖြစ် အလုပ်လုပ်ခဲ့ဖူးသူ သခင်လေးက ဘယ်လိုလုပ်ပြီးများ ယနေ့ခေတ်အောင်မြင်မှုနယ်ပယ်ထဲ ဝင်ဆန့်နိုင်မှာတဲ့လဲလေ။
ကျွန်တော် ရှန်ပိန်ခွက်လေးကို လက်ကကိုင်လို့ရယ် ဟိုကြည့်ဒီကြည့်နှင့် အခြားသူများနှင့် စကားစမြည်ပြောဖို့ရန် ကြိုးစားကြည့်ပါသေးသည်။ကျွန်တော့်ကို မြင်သည်နှင့် ထိုသူတို့၏ မျက်နှာအမူယာများမှာ တစ်မျိုးတစ်ဖုံပြောင်းလဲလို့သွားလေပြီး ပြောလက်စ,စကားကို ဆက်မပြောတော့ဘဲ စကားခေါင်းစဥ်ပြောင်းလိုက်ကြပြီး ကျွန်တော့်ကိုစနောက်ဖို့ရာ ရောက်လာကြတော့သည်။
" ကုထောင်၊ခုတလော ဘာကားတွေရိုက်နေလဲကွ "
" ထူးထူးခြားခြား ဒရာမာရယ်လို့ မဟုတ်ပါဘူး "
" ဒါရိုက်တာက ဘယ်သူတုန်း "
ကျွန်တော် နာမည် ပြောပြလိုက်သည်နှင့် ရုတ်ချည်းဆိုသလို ထိုသူတို့သည် အဓိပ္ပာယ်ပါပါနှင့်နက်နက်နဲနဲကို ပြုံးပြလာကြသည်။ဒါရိုက်တာက အမျိုးသမီးဒါရိုက်တာတစ်ယောက်ဖြစ်၏၊သူမ၏ဂုဏ်သတင်းက အနုပညာလောကထဲ သိပ်တော့မကောင်းလှ။သူမသည် ငယ်ငယ်ရွယ်ရွယ်ကောင်လေးများနှင့် အိပ်ရခြင်းကို သဘောကျနှစ်ခြိုက်မှန်း လူတိုင်းသိကြသည်။သို့သော် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို တိုင်တည်ပြီးပြောဝံ့ပါရဲ့၊သူမနှင့်ကျွန်တော်က ဘာမှမဟုတ်ကြောင်း တကယ်ကြီး ရိုးရိုးသားသားဖြစ်ကြောင်းကိုပေါ့။သူမ၏အချစ်သစ်ကလေးတဖြစ်လဲ ကျွန်တော့်ကိုdramaမှာပါဝင်ဖို့ခေါ်ဆိုခဲ့သော ဗလခပ်တောင့်တောင့်နှင့်ဒါရိုက်တာက ဘေးမှ စဥ်ဆက်မပြတ်စောင့်ကြည့်နေသည်မို့၊ကျွန်တော်သာ စည်းကျော်ရဲလို့ကတော့၊ထိုသူသည် ကျွန်တော့်အား နံရံထဲကျွံဝင်သွားသည်အထိ၊ပြန်နှုတ်၍ပင်မရတော့သည်အထိ ရိုက်နှက်ပစ်လိုက်လိမ့်ပေမည်။
အနုပညာလောကထဲမှ ကျွန်တော်နှင့်တန်းတူတက်သစ်စအနုပညာရှင်လေးတွေ ကျွန်တော့်နောက်ကွယ် အတင်းအုပ်လို့နေသည်ကို ကျွန်တော်လည်းသိပါသည်။သူတို့ပြောနေကြမည့်စကားလုံးများမှာ ဤစကားလုံးများအပြင်မရှိတော့မှန်း ကျွန်တော်မှန်းဆကြည့်နိုင်ပါ၏၊ကျွန်တော်သည် ခွေးခြေထောက်လိုလူစားမျိုးဖြစ်ပြီး၊ခန္ဓာကိုယ်ကိုရောင်းစား၍ သည်လောကထဲ ကုပ်ကတ်တက်လာသည့်လူစားမျိုးသာဖြစ်ကြောင်း စသဖြင့်ပေါ့လေ။ကျွန်တော်သေချာပေါက်တော့ ထပ်ဖြည့်ပြောရလိမ့်မယ်ဗျ၊ " ကဲ တော်လောက်ပြီ..တကယ်လည်း အဲ့လိုနေရာကနေ တက်လာခဲ့တာဘဲဗျ"နေရာတော့လုံးလုံးကွဲပြားလေရဲ့။

YOU ARE READING
Forgotten Days [ မြန်မာဘာသာပြန် ]
RomanceAuthor - 回南雀 [ Hui Nan Que ] Status - 60 chaps + 12 extras Chinese Title - > If you wanna read the original version,check out the link below. https://www.gongzicp.com/novel-8910.html _ I don't own any part of this novel.This is just a fan translatio...