About MC and ML

694 28 10
                                    

Unicode

Spoiler Alert !!!

ရှီကျောင့်ဟယ်နဲ့ကုထောင် အကြောင်းမိတ်ဆက်ပါ။

ရှီကျောင့်ဟယ်က မွေးကတည်းကရွှေဇွန်းကိုက်မွေးလာတဲ့ သူကြွယ်လေး။အဖေ၊အမေ မေတ္တာငဲ့သူလေး၊အဘိုးနဲ့ပဲကြီးပြင်းလာခဲ့သူပေါ့။သူ ကျန်းမူကိုနှစ်သက်မိပြီး ဂေးဖြစ်ကြောင်းCome outလုပ်တဲ့အခါ မိသားစုအသိုင်းဝိုင်းကလက်မခံနိုင်ခဲ့ဘူး။အဲ့ဒါနဲ့ဆွေမျိုးအသိုင်းဝိုင်းကို ပစ်ပယ်ပြီး ကျန်းမူကိုရွေးချယ်ခဲ့တယ်။သူ့ရဲ့လိင်စိတ်တိမ်းညွှတ်မှု၊ဖြစ်တည်မှုကို ဆွေမျိုးတွေကလက်မခံနိုင်တာကြောင့်လည်း စိတ်နာသွားတာပေါ့။

အနုပညာလောကထဲ ကျန်းမူနဲ့ရင်ဘောင်တန်းနိုင်အောင်ကြိုးစားခဲ့တယ်၊ကျန်းမူ မျက်နှာအတွက်ပေါ့လေ။နာမည်လည်းတအားကြီးလာခဲ့တယ်။ကျန်းမူကို ဘာ့ကြောင့်ကြွေသွားရလဲ ကိုယ်တော့ မသိပါကွယ်။Authorကလည်းnovelထဲရှင်းမပြထားဘူး အဲ့အကြောင်းတော့။

ရှီကျောင့်ဟယ်ကငယ်ငယ်တည်းက ချမ်းသာတဲ့သခင်လေးအဖြစ် နေထိုင်လာခဲ့တာဆိုတော့ လောကကြီးပေါ်သူ့ရဲ့အမြင်က ရိုးရိုးရှင်းရှင်း၊ လောကကြီးရဲ့ပရိယာယ် လူ့သဘောကိုအဖြူမည်းသဲကွဲသွားတဲ့အခါကျတော့၊ ခဲမှန်ဖူးတဲ့စာသူငယ်လိုပဲ အရာရာတိုင်းအပေါ် သံသယအပြည့်ဖြစ်နေတော့တာပဲ၊အထူးသဖြင့် သူအရမ်းဂရုစိုက်မိလာတဲ့သူနဲ့ပတ်သတ်ရင် ကုထောင်ပေါ့လေ၊ကုထောင်က သူ့ဒဏ်ကိုအတော်အလူးလိမ့်ခံရတာ။သူ rehabလုပ်စဥ်ကာလအတွင်း ကုထောင်ရှိနေလို့သာ ခြေထောက်ပြန်ကောင်းလာတာ။ချော့တခါ ကြမ်းတလှည့်နဲ့ ရှီကျောင့်ဟယ်ခြေထောက်ပြန်ကောင်းဖို့အတွက် သူမခံချင်အောင်တမင်ပြောတာကို ကုထောင် ဓားနဲ့မတော်တဆပစ်ပေါက်ခံရသေးတယ်၊ရင့်ညွန့်မှာဓါးရှရာရှိတယ်။အရှောင်ကောင်းလို့ပေါ့၊ မထိတ်သာမလန့်သာ ကိုယ်တွေရဲ့MCပွဲသိမ်းသွားမှဖြင့်။မတွေးရဲဘူး။

ရှီကျောင့်ဟယ်က ဓါးနဲ့တမင်ပစ်ပေါက်တာတော့မဟုတ်ဘူး၊သူ့ကိုမခံချင်အောင်ပြောတော့ ဒါဏ်ရာရနေတဲ့ကျားနာတစ်ကောင်လိုပဲ ဒေါသတွေထွက်ပြီး ဘေးကသစ်သီးတွေနဲ့ပစ်ပေါက်တာ အာ့ကနေ ဓါးကိုမတော်တဆပစ်ပေါက်လိုက်မိတာ။အဲ့နေ့ကစလို့ ရှီကျောင့်ဟယ်တစ်ယောက် ပြန်လည်ထူထောင်ရေး၊ကုထုံးတွေ အကုန်သေချာလိုက်လုပ်ပြီး ခြေထောက်လည်းပြန်ကောင်းလာခဲ့တယ် ၃နှစ်တာအတွင်း၊နောက်ပိုင်း သူတို့နှစ်ယောက် လိင်ဆက်ဆံတဲ့အခါတိုင်း ရှိကျောင့်ဟယ်က ကုထောင်ရဲ့ရင်ညွန့်ကဓားရှရာလေးကို နမ်းတတ်တယ်၊နာလားလို့မေးတတ်တယ်။ ဓါးဖူးစာလို့ပြောရမလားပဲ (¯―¯٥)

To już koniec opublikowanych części.

⏰ Ostatnio Aktualizowane: Oct 15, 2022 ⏰

Dodaj to dzieło do Biblioteki, aby dostawać powiadomienia o nowych częściach!

Forgotten Days [ မြန်မာဘာသာပြန် ] Opowieści tętniące życiem. Odkryj je teraz