။ ၅ ။

410 45 4
                                    

Unicode

ကျွန်တော် အိပ်ယာမှနိုးသောအခါ အလွန်အမင်းပင်ပန်းနွယ်စွာဖြင့်ပင် မျက်နှာကိုပွတ်လိုက်သည်။

မနေ့ညက ကျွန်တော် အိမ်မက်ရှည်ကြီးကိုမက်ခဲ့သည့်ပုံပင်၊သို့သော် သေချာပြန်စဥ်းစားကြည့်သည့်အခါမှာတော့ ဘာမျှမှတ်မိမနေတော့။

အလျင်မြန်ကိုယ်လက်သန့်စင်ပြီးသည့်နောက် ၈နာရီကျော်၌ စန်းချင်မှ ကားနှင့်ရောက်ချလာပြီး ကျွန်တော့်ကိုလာကြိုသည်။

ရှီကျောင့်ဟယ်၏ ကားအက်စီးဒန့်ဖြစ်ပွားမှုအပြီး ကျွန်တော် ကျွန်တော့်အလုပ်တွေအကုန်ရွှေ့ပစ်ခဲ့သည်။လအနည်းငယ်မျှ ထိုသူ့အနား အဖော်ပြုပေးရလိမ့်မည်ဟု ကျွန်တော် ထင်ခဲ့မိသောကြောင့်ပင်။မထင်မှတ်စွာနှင့် လဝက်လောက်သာအနားယူခဲ့ရပြီး အလုပ်ပြန်လုပ်နိုင်ပြီဖြစ်လေသည်။

ကျွန်တော် စန်းချင်အား သိပ်အကြာကြီး မစောင့်စေလိုပါ၊cloakroomထဲမှ ကျောက်မျက်ရတနာဘူးလေးထဲမှ နေကာမျက်မှန်တစ်လက်ကိုဆွဲထုတ်၍ လှည့်ထွက်လာခဲ့လိုက်သည်။ကျွန်တော် တပ်ကြည့်လိုက်သည့်အခါမှ ရှီကျောင့်ဟယ်၏ နေကာမျက်မှန်မှန်း သိလိုက်ရ၏။ထိုသူသည် toad glassesများကိုနှစ်ခြိုက်ပြီး ဒီဇိုင်းများမှာ ရှေးကျလှသည်။ကျွန်တော်သည်တော့ အမျိုးစားစုံ၊အသစ်ဆန်းဒီဇိုင်းစုံနှင့်မျက်မှန်များကို လိုက်စုရသည်အား နှစ်ခြိုက်လှ၏၊ကျွန်တော့်တွင်ရှိသော နေကာမျက်မှန်များမှာ နောက်ဆုံးပေါ်ချည်းပင်။

စန်းချင်သည် ကျွန်တော့်အတွက် ကားတံခါးဖွင့်ပေးလာသည်၊ကျွန်တော် သေချာထိုင်ချပြီးသည်နှင့် သူကကျွန်တော့်ထံ ပဲနို့နွေးနွေးတစ်ခွက်ကိုကမ်းပေးလာ၏။

" မနက်စာစားပြီးပြီလား၊အရင်ဆုံး အစာအိမ်နွေးသွားအောင် ပဲနို့သောက်လိုက်ဦး၊ပြီးတော့ ငါ မင်းအကြိုက်ဆုံး Lavaဘန်းကိတ်ဝယ်လာတယ် "

ကျွန်တော် အဖုံးကိုဖွင့်၍ ပဲနို့ပူပူကို ပါးစပ်အပြည့်တစ်ငုံလောက်သောက်လိုက်ပြီး အစာအိမ်အားနွေးထွေးစေလိုက်သည်။ထို့နောက် စန်းချင်အားချီးမွမ်းလိုက်ပါ၏။

Forgotten Days [ မြန်မာဘာသာပြန် ] Hikayelerin yaşadığı yer. Şimdi keşfedin