My POV about JM

592 20 4
                                    

Unicode

This is a purely selfish point of view ,so you may agreed with me or some don't.

Spoiler alert !

- ဒီNovelထဲက ကိုယ်မနှစ်သက်ဆုံးဇာတ်ကောင်မိတ်ဆက်နဲ့စတင်လိုက်ရအောင်။

ဟုတ်ပါတယ် ' ကျန်းမူ ' ပါ။

ဝတ္ထုတွေထဲမှာဖြစ်ဖြစ် ဘယ်မှာဖြစ်ဖြစ် ဗီလိန်တိုင်းကိုကိုယ်မမုန်းပါဘူး၊ကျန်းမူရဲ့စိတ်နေစိတ်ထားက purely selfish ပါ။selfishဖြစ်တဲ့လူတိုင်းကိုလည်း ကိုယ်မမုန်းပါဘူး။ဒါပေမဲ့ သူကလေ ဘာမှကြိုးစားအားထုတ်မှုရှိမနေဘဲ လူတိုင်းရဲ့ကြိုက်နှစ်သက်ခြင်းကိုခံရတယ်၊MLအပါဝင်ပေါ့။

သူ့ရဲ့နောက်ကြောင်းကိုတော့ စာရေးဆရာကဇာတ်အိမ်ကျယ်ကျယ်နဲ့ မရှင်းပြထားတဲ့အတွက် ကိုယ်တော့အဲ့လိုပဲမှတ်ယူပါမယ်။playboyပါ၊ရှီကျောင့်ဟယ်ရဲ့အချစ်ဦးပါ၊သူက သူအသုံးလိုရင်ကပ်ပါတယ် ၊ မလိုရင်ခွာထုတ်တယ်၊ အနုပညာအသိုင်းဝိုင်းထဲ fanbaseခိုင်ခိုင်မာမာရှိတဲ့သူပါ။ ရုံရူယွီနဲ့စေ့စပ်ပြီးတာတောင် တခြားကောင်မလေးတွေနဲ့ဖောက်ပြန်ပါတယ်။

သူက ကြာပန်းဖြူလေးလို ညှက်စိညှက်စိတော့မဟုတ်ဘူး၊ သူအသုံးမလိုရင် ယတိပြတ်ကို ရက်စက်ဖို့ဝန်မလေးတဲ့လူစားမျိုး၊ ရှီကျောင့်ဟယ် accidentဖြစ်လို့ခြေထောက်မကောင်းတော့တဲ့အချိန်က ဆေးရုံမှာချက်ချင်းကို ရက်ရက်စက်စက်လမ်းခွဲပစ်ပြီး ရုံရူယွီဆိုတဲ့ဥစ္စာပေါမလေးစီပြေးကပ်တော့တာပါဘဲ။

သူ့လိုဇာတ်ကောင်ကိုလုံးဝနားလည်မပေးနိုင်ဘူး၊ အချစ်ခံရတာကို ဘာလို့အဲ့လောက်တောင်လောဘကြီးရတာလဲဆိုတာ။သူဟာ ရှီကျောင့်ဟယ်ရဲ့အချစ်ကိုခံခဲ့ရသလို၊ရုံရူယွီဆီကအချစ်ကိုလည်းရခဲ့ပါတယ်။fanတွေကလည်း သည်းသည်းလှုပ်ချစ်တာပါ။သူ့ဘဝကြီးကလုံးဝ ပန်းခင်းထားတဲ့လမ်းကိုလျှောက်နေတာပါနော်။

ရှီကျောင့်ဟယ်ဆိုရင် သူ့အတွက်နဲ့ ဆွေမျိုးအသိုင်းဝိုင်းကိုတောင် ပစ်ပယ်ခဲ့ပြီး အနုပညာအသိုင်းဝိုင်းထဲခြေစုံပစ်ဝင်ခဲ့တာပါ။ရုံရူယွီဆိုရင် သူ့ကိုပိုင်ဆိုင်ခွင့်ရဖို့ publicမှာofficialကိုချတွဲပြတာပါ၊သူမကလည်း နာမည်ကြီးမင်းသမီးတစ်လက်ပါနော်။အဲ့တာကို အဲ့ကောင်က ဖောက်ပြန်တာဆိုတာ ဒါနဲ့ပြောရဦးမယ် ရှီကျောင့်ဟယ်နဲ့မပြတ်ခင်ထဲက သူက ရုံရူယွီနဲ့လမ်းဖောက်ထားနှင့်တာပါ၊ရုံရူယွီနဲ့တွဲပြီးနောက်ပိုင်း ကျန်းမူရဲ့ဖောက်ပြန်မှုကြောင့် တစ်ဖက်မိန်းကလေးက ကိုယ်ဝန်ရခဲ့ပြီး ကိုယ်ဝန်ဖျက်ချခဲ့ပါတယ်၊ ရုံရူယွီလည်း စနိုက်ခံရတဲ့ခံစားချက်လေးနားလည်သွားပြီး အလူးလဲခံစားလိုက်ရပါတယ်။

Forgotten Days [ မြန်မာဘာသာပြန် ] Donde viven las historias. Descúbrelo ahora