အပိုင်း (၂) Zg

501 19 5
                                    

သူမတို့ကျောင်းနှင့်အိမ်မှာ နာရီဝက်လောက်ကားဖြင့်သွားရသဖြင့် ကျောင်းအပို့အကြိုအတွက်အချိန်မပေးနိုင်သော မိဘများအဆင်ပြေစေရန်ဖယ်ရီကားစီစဉ်ပေးထားရလေသည် ....

Sooနှင့် သုံးတန်းကျောင်းသားမောင်လေး Lam ရော Jennieပါ ကျောင်းဖယ်ရီစီးကြကာ အိမ်ချင်းလည်းနီးသည့်အတွက် ဖယ်ရီမှာလည်း အတူတူ ပင်ဖြစ်သည်......

သူမတို့ဖယ်ရီပေါ်တွင်အိမ်မနီးသော်လည်းကားကြိုရသည့်လမ်းကြောင်းတူသောကျောင်းသား စုစုပေါင်း ၁၈ ယောက် ရှိ၍  ကားမှာ အလုံပိတ် ကျောင်းကား အဝါရောင်ဖြစ်သဖြင့် ချောင်ချောင်ချိချိ စီး၍ရသည်........

နောက်နေ့မနက် ကျောင်းဖယ်ရီစီးကြရာ တလမ်းလုံးမှောက်အိပ်နေသော Jennieသည် ကျောင်းရောက်၍ကားရပ်ရန်ပါကင် ထိုးမှ မျက်နှာမော့လာသည်... Sooသည် အောက်နှုတ်ခမ်း တခု လုံး ဖူးယောင်နေသော Jennieကို မြင်လိုက်ရသဖြင့် အပေါက်ဝနားခုံတွင် ထိုင်နေသော Jennie အနားသို့ သွားလိုက်ပြီးကပ်၍တိုးထိုင်လိုက်ကာ

"Jennie ....နင့်နှုတ်ခမ်းကဘာဖြစ်တာလဲ ....ချော်လဲတာလား...."

Jennie သည် သူမနားကပ်လာသော Sooကိုရုပ်တည်ကြီးနှင့် လှည့်ကြည့်ကာ

"ဒီမှာ Jisoo  ငါ နင်နဲ့မခင်ချင်ဘူးလို့ဘယ်နှစ်ခါပြောရမှာလဲ....ငါနင့်ကို မုန်းတယ်....နင့်ကြောင့်ငါ ငါ့အဖေရဲ့အဆူခံရတာ...."

"ဟမ်...ငါ့ကြောင့်နင်အဆူခံရတာလား...ဟို စာမေးပွဲ ရလဒ်ကြောင့်လား......အဲ့ဒါဆို နောက်လကျ ငါ လျှော့ဖြေပေးမယ်လေ ...နင့်ထက်သာအောင် ငါ စာကြိုးစားတာမဟုတ်ပါဘူးဟယ်....."

အစွန်းဘက်တွင်ထိုင်နေသော Sooအား ကျော်ကာကားပေါ်မှဆင်းရန်ပြင်နေသော Jennie ၏ကျောပိုးအိတ်ကို Jisooမှဆွဲထားလိုက်ကာ တောင်းပန်စကားဆိုလိုက်စဉ်

"နင် လိမ်မနေနဲ့....နင် ငါ့ထက်သာသွားလို့ စိတ်ထဲမှာကြိတ်ပျော်နေတာငါသိတယ် ........ဖယ်ပေး...."

စိတ်ဆိုးနေသောJennieသည် ပါးစပ်ကလည်း ပြောသလို လက်ကလဲသူမ၏ ကျောပိုးအိတ်ကို ဆောင့်ဆွဲလိုက်ပြီး Sooကို တွန်းထိုးထွက်လိုက်ရာ

မာယာပြိုင်ပွဲ(𝙅𝙀𝙉𝙇𝙄𝙎𝘼)Wo Geschichten leben. Entdecke jetzt