အပိုင်း (၈)-၂

2K 126 34
                                    

"ဒီနေရာလေးက အတော်ပဲကွ ....ဒါပေမဲ့ ဈေးနည်းနည်းများနေတယ်......"

Lice....ဆေးခန်းဖွင့်ရန်နေရာရှာရင်း သဘောကျမိသော နေရာမှာ လူစည်ကားသည့် ဆင်ခြေဖုံးရပ်ကွက် တခုအတွင်းတွင် ဖြစ်သည်.....

ဆင်းရဲ ချမ်းသာ ညီမျှသည့် ရပ်ကွက်ကလေးမို့ သဘောကျ သော်လည်း ငှားခမှာ တနှစ်စာ ပေးသွင်းရမည်ဖြစ်သည်.... အထွေထွေကု ဆရာဝန်ဖြစ်သောသူက အဓိက ဆရာဝန်အဖြစ်တာဝန်ယူပြီး အခြားစပယ်ရှယ်လစ်တွေပါငှားရမ်းကာ တနေရာထဲမှာ တတ်နိုင်သမျှ အကုန်ပြည့်စုံချင်၍ X ray(ဓါတ်မှန်)/ Ultrasound စက်များပါ ဝယ်ရမည်ဖြစ်သည့်အတွက် သူမြှပ်နှံရမည့် သိန်းရာကျော်အရင်းအနှီးကိုတွက်ဆ နေမိသည်.....

သူ၏အဖေဖြစ်သူထံမှပြန်တောင်းလျှင်ရသော်လည်း ဒီအရွယ်မှတော့ မိဘထံမှလက်ဖြန့်မတောင်းချင်တော့......

💭သူနှင့်အတူရင်းနှီးမြှုပ်နှံမဲ့သူ ရအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲ...ဘယ်သူ့ကို မေးကြည့်ရင်ကောင်းမလဲ....💭

"Ring .....Ring....."

"ဟဲလို....Lice ..ပြော...."

"မမRane...ကျွန်တော် ပြောထားတဲ့ ဆေးခန်းကိစ္စလေ...အဲ့ဒါနေရာတွေ့ပြီ...ဈေးတော့ နည်းနည်းများနေတယ်....ကျွန်တော်တယောက်တည်းတော့ မနိုင်လောက်ဘူး....မမRane ရှယ်ယာပါ မလားလို့....."

မမRaneဘက်မှ အသံအနည်းငယ်တိတ်သွားကာ...

"အေး...Lice ....ခဏနေ အမ ဖုန်းပြန်ခေါ်လိုက်မယ်နော်...ဒီမှာဧည့်သည်နဲ့ ပြောလက်စရှိနေလို့....."

၁၅ မိနစ်ခန့်ကြာတော့ မမRaneထံမှဖုန်းဝင်လာသည်....

"Liceရေ..မမRane ရှယ်ယာဝင်မယ်...မင်းလိုသလောက်သာ ပြောတော့...."

Lice ထခုန်မိမတတ်ဝမ်းသာသွားရသည်.....သူ့အိပ်မက်ထဲက ဆေးခန်းလေး အကောင်အထည်ပေါ်တော့မည်.....

!!!!!!!!!!!!!!!!!!!!!!

"NiNiရေ အမတော့ ပြောလိုက်ပြီနော်....ဘာလို့ ညီမလေး ရှယ်ယာဝင်ချင်တယ်လို့ မပြောတာလဲ......."

မင်္ဂလာပွဲ ကိစ္စ နှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောချင်သောကြောင့် Raneထံ အလည်ရောက်နေသော Jennie သည် Lisa ထံမှဖုန်းဝင်လာချိန်ဘေးမှာရှိနေ၍အကုန်ကြားသိလိုက်ရပြီး Lisaကို ကူညီရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်.....

You've reached the end of published parts.

⏰ Last updated: Feb 08, 2022 ⏰

Add this story to your Library to get notified about new parts!

မာယာပြိုင်ပွဲ(𝙅𝙀𝙉𝙇𝙄𝙎𝘼)Where stories live. Discover now