"ကဲ...သားတို့ကိုယ့်ကိုကိုယ် မိတ်ဆက်လိုက်ပါဦး......""ကျွန်တော့်နာမည် Park Chae Youngပါ ...(..)ကျောင်းကပြောင်းလာတာပါ.....Youngလို့ပဲရင်းရင်းနှီးနှီးခေါ်ပါခင်ဗျ"
ဝိုး....ခ်....ခ် ...မိုက်တယ်ကွာ...
ကျောင်းသူများ၏ ဝိုး ဟူသော ခပ်တိုးတိုးသံပြိုင်သံနှင့် အတူ ဆူညံသွားမှုကြောင့် စာအုပ်တွေကြားမျက်နှာအပ်နေသော Jennieပင် သဘာဝတရားကို မလွန်ဆန်နိုင်စွာ ခေါင်းမော့်ကြည့်လိုက်မိသည်
Youngသည် အသားဖြူ ဖြူ အရပ်မြင့်မြင့် အထက်တန်းကျောင်းသားနှင့်ပင် မတူ မော်လ်ဒယ်လျှောက်၍ရသော ကိုယ်ခန္ဓာ အချိုးအစားနှင့် သူ့မျက်နှာ နုနု သည် လိုက်ဖက်လှစွာ မိန်းကလေးများ ကြား ရေပန်းစား ထင်ရှား ပေဦးတော့မည် ....Jennie စိတ်ထဲတွင်သာ မှတ်ချက်ပြုမိရင်း ပုခုံးတွန့်လိုက်ကာ စာအုပ်များဖက်ဆီသို့ပြန်လှည့်လိုက်သည်....
Somi နှင့် Sooကတော့ ဆရာမအခန်းထဲဝင်ကတည်းက လိုက်ကြည့် နေကြ၍ ဆရာမနှင့် ပါလာသူများကို မြင် နေရသည်.... ChaeYoung သူကိုယ်သူနှုတ်ဆက်ချိန်တွင်တော့ ....ရုပ်ရည်ရော အသံပါ ခန့်ညားလွန်းသော ကောင်လေးအဖြစ်သာငေးကြည့်မိလိုက်သည် .......
"ကျွန်တော့်နာမည် က Hanbin ပါ....(...)ကျောင်းကပြောင်းလာတာပါ...."
နှုတ်ဆက်လိုက်သော နောက်တယောက် ကတော့ ParkChaeYoungနှင့် ယှဉ်ရပ်နေ၍ သာမန်ကောင်လေး အဖြစ်သာ မြင် ကြသော်လည်း တကယ်ဆို Hanbinသည် ယောကျာ်းဆန်ဆန် အသားရောင်နှင့် ညိုမှောင် သောမျက်ခုံးမျက်လုံးတို့နှင့် ကြည့်ကောင်းသောကောင်လေးသာဖြစ်သည်
.....
"အမလေး ......Sooရေ....ဒါလေးက ငါ့အဆင်လေးဟဲ့....."
Somiသည် Hanbinကို မြင်မြင်ချင်း သဘောကျသွားသည်မှာ နှုတ်မှပင်ထုတ်ပြောလာရသည်အထိ.....
"ဟယ်....နင်ကလည်း...အိန္ဒြေဆယ်ပါအုံး....ဒီနေ့မှအတန်းထဲရောက်တာ နင့်သွားရည်တွဲလောင်းကြီးမြင်ပြီး တော်ကြာထွက်ပြေးနေဦးမယ် ...ခခ်...ခခ်"
Somiသည် သူမ၏ အရွန်းဖောက်သောစကားကို သူမလက်ခုံဖြင့် ပါးစပ်ကိုသုတ်ပြလိုက်ရင်း ပြန်နောက်နေသေးသည်.....ပြီးနောက်တွင်တော့ ရုပ်တည်ကြီးဖြစ်သွားကာ.....
YOU ARE READING
မာယာပြိုင်ပွဲ(𝙅𝙀𝙉𝙇𝙄𝙎𝘼)