အပိုင်း(၆)

1.2K 106 24
                                    


"ဟာ....Jennie ပဲ..." 

"ယောက်ျားတွေရောပဲ ရှုပ်နေတာပဲ ...."

"ဟုတ်ပါ့....ဘာတွေရှုပ်ထားလဲမှမသိတာ ....."

"မမRane...ဘာဖြစ်လို့လဲ...."

အခန်းဝဆီမှ တယောက်တပေါက်ပြောသံနှင့်အတူ သူမနံမည်လှမ်းခေါ်လိုက်သံကြောင့် Rane အပါအဝင် သူတို့အားလုံးပြိုင်တူလှမ်းကြည့်မိကြသည်.. မီးပုံပွဲမှပြန်လာသော သူတို့အဖွဲ့သားအချို့အပြင် အခြား အခန်းများမှပါ သူတို့အသံများကြောင့် လာစပ်စုကြရင်း မြင်တွေ့သွားရသည်များကို ထင်ကြေးပေးနေကြခြင်းဖြစ်သည်.....

"နည်းနည်းလောက် ဖယ်ပေးပါခင်ဗျ..."

ဟိုတယ် မန်နေဂျာနှင့် ဧည့်ကြို ဝန်ထမ်းလေးပါရောက်လာကြသဖြင့် လူများလာကာအတန်ငယ်ရှုပ်ထွေးသွားသည်.....

"အို.....ပြသနာ ကြီးကြီးမားမား မဟုတ်ပါဘူး....ကိုယ့်အခန်းကိုယ် ပြန်ကြတော့နော်....."

"ဒီကမန်နေဂျာကြီးနဲ့ တာဝန်ရှိသူတွေလည်း ပြန်လို့ရပါပြီရှင့် ..ဒီနှစ်ယောက်လုံးက ကျွန်မတို့ အဖွဲ့ကပါ....ကျွန်မတို့ဘာသာပဲဖြေရှင်းလိုက်ပါ့မယ်နော်"

မမRaneသည် အခန်းဝတွင်ဝိုင်းအုံနေသူများကိုပြန်ကြရန် တောင်းဆိုရင်း ဟိုတယ်တာဝန်ရှိသူများပါ ပြန်ခိုင်းလိုက်သည်.....

"သြော်.....အသိတွေအချင်းချင်းဆိုရင်လည်း ကျွန်တော်တို့ဝင်မပါတော့ပါဘူးခင်ဗျာ.....သွားခွင့်ပြုပါဦး...."

အခြားသူများအားလုံးထွက်သွားသည်နှင့်

မမRaneသည် တံခါးကို လျင်မြန်စွာပိတ်လိုက်ကာ.....

"ကဲ Lisa    ဒီကိစ္စ ဘယ်လိုလုပ်ချင်လဲ....."

"ဟာ....ဘယ်လိုလုပ်ရမှာလဲ မမRaneရ....ကျွန်တော်သူ့ကို ဘာမှ မှ မလုပ်ခဲ့ပဲ ....ဒီတိုင်း ဘေးမှာပဲအိပ်ပျော်နေတာလေ...."...

ခေါင်းစုတ်ဖွား နှင့်ကုတင်ပေါ်တွင် ထိုင်လျက်ပြောနေသော သူ့စကားကြောင့် မမRaneသည် မျက်မှောင်ကြုံ့လိုက်ကာ....

"တခြားသူတွေကတော့ ဒီလို နားလည်မှာမဟုတ်ဘူးလေ....မင်းတို့ပုံစံကိုလဲကြည့် ဦး...."

မာယာပြိုင်ပွဲ(𝙅𝙀𝙉𝙇𝙄𝙎𝘼)Donde viven las historias. Descúbrelo ahora