အပိုင်း (၄)

899 77 10
                                    

ChaeYoungက ဖယ်ရီကားပေါ်တွင် အတတ်နိုင်ဆုံး Jisooနှင့် နီးကပ်သည့် ခုံတွင် ရွေးထိုင်လိုက်လေ့ရှိသော်လည်း သူ့မျက်လုံးများကတော့ ကားအတက်အဆင်း အပေါက်နားက ခုံတွင် နားနှစ်ဖက်၌နားကြပ်တပ်လျက် တယောက်တည်း တိတ်ဆိတ်စွာထိုင်နေသော Jennieဆီက မခွာမိ.....

ရှားရှားပါးပါး သူမစာမဖတ်ပဲ အပြင်ဘက်သို့ ငေးမောကြည့်တတ်သည်မှာ ကျောင်းဖယ်ရီစီးသည့်အချိန်တခုသာရှိပြီး တခါတရံမျက်လုံးမှိတ်ကာ အိပ်ငိုက်တတ်သေးသည်....

ဒီနေ့တော့ ဘေးခုံတွင်ချထားသော ကျောပိုးအိတ်၏ဘေးအိတ်ထဲတွင် နားကြပ်ကြိုးလေး တန်းလန်းထုတ်ထားကာ သူမနားတဖက်တချက်တွင် တော့ နားကြပ်တပ်ထားသည်... ကျောင်းယူနီဖောင်း ဒူးဖုံးစကပ်နက်ပြာရောင် နှင့် အကျီအဖြူလက်ရှည်ပေါ်မှ ဆွယ်တာ မရမ်းရောင်လေးထပ်ဝတ်ထားကာ ဆံပင်တို့ကို အပြောင်သိမ်းပြီးဆံထုံးခပ်မြင့်မြင့်လေးထုံးထားသည် ....

သူမ၏မဟာနဖူး လေးမှဆံနွယ်လေး များသည် ရင်ခုန်စရာကောင်းစွာကပိုကယိုကျလျက် .....

သူမ၏မျက်တောင်စိပ်စိပ်များဝိုင်းရံထားသော မျက်လုံး လေးများကို ဘာကြောင့်မှန်းမသိ အမဲရောင် eye လိုင်နာ အမြဲဆွဲထားတတ်ကာ အခြားဘာတခုမှမခြယ်သထားတတ်သည်မှာ တခန်းလုံးရှိမိန်းကလေးများထဲတွင် သူမတယောက်တည်း၏မူပိုင်ပုံစံပင် ....

သူမနှာတံဖြောင့်ဖြောင့်စင်းစင်း.... ပုံမှန်အချိန်ဆိုလျှင်အရယ်အပြုံးနည်းစွာတင်းတင်းစေ့ထားတတ်ပြီး ဘယ်သူနဲ့ဖြစ်ဖြစ် သူမအသာစီးရသော အချိန်များတွင် တော့မဖြစ်ညစ်ကျယ် ခပ်လှောင်လှောင်ပြုံးတတ်သေးသော တိကျသေသပ်သည့် ပန်းနုရောင်နှုတ်ခမ်း တို့ဖြင့် ဖော်ကျူးထားသည့် အေးစက်စက် မျက်နှာထားမှာ သူမနားချဉ်းကပ်ချင်သည့် ပုရိသတို့အား အန္တရာယ်သတိပေးနေသလိုပင်....

သူ့ကိုထိလျှင် ပြန်တုံ့ပြန်တတ်သော သူမကို တော်ရုံဘယ်သူမှမစရဲကြတာ မထူးဆန်းတော့ပါ........

အတန်းထဲတွင် စာတော်ကာချောမောလှပနူးညံ့သလို အများနှင့်ဖော်ရွေစွာနေတတ်သော သဘောကောင်းသည့် ....ကျောင်းသားများ၏ စိတ်ကူးထဲမှ အချစ်နတ်ဘုရားမလေး Jisooနှင့် ယှဉ်လိုက်လျှင်သူမသည် လူတကာ မုန်းသောအမှောင်နတ်ဘုရားမတပါးသာဖြစ်သည်.... (ငါ့ကလေးကို😑)

မာယာပြိုင်ပွဲ(𝙅𝙀𝙉𝙇𝙄𝙎𝘼)Donde viven las historias. Descúbrelo ahora