"ဟိတ်...ဟိတ်...."
သူမခေါ်သံကြောင့် ဒါန်းပေါ်တွင် ထိုင်ရင်း စာအုပ်ဖတ်နေသော ကောင်မလေးသည် သူမဘက်ဆီသို့ မျက်စောင်းစွေကာလှမ်းကြည့်သည်
"ငါ့နာမည် ..ဟိတ်....ဟိတ်....မဟုတ်ဘူး"
Jisooသည် ခြံစည်းရိုးနားပိုကပ်လိုက်ကာ ထိုကောင်မလေးကို ပြုံးပြလိုက်ရင်း
"ငါမှ ..နင့်နာမည်မသိတာ....ငါနာမည် က Jisoo မနေ့ကမှဒီဘက်ခြံကို ပြောင်းလာတာ...နင့်နာမည်ကရော..."
Jisooသည် သူမ နေထိုင်ရာ အိမ်ဘက်ဆီသို့ လက်ညှိုးလေး ထိုးရင်းပြောလိုက်သည် ....သူမတို့ ယခုပြောင်းလာသော နေရာသည် ပုံစံတူ အဆောက်အအုံများသာ ရှိသော (...)အိမ်ယာ ဝန်းဖြစ်ကာ ဆိတ်ငြိမ်ရပ်ကွက် လိုနေရာမျိုးဖြစ်သဖြင့် သူမနှင့်ရွယ်တူ မိန်းကလေး သူငယ်ချင်းတွေ့၍ ပျော်သွားမိကာ လာနှုတ်ဆက်ခြင်းဖြစ်သည် ....
"ငါ့နာမည် ...Jennie ....မာမီနဲ့ ဒယ်ဒီကတော့ NiNiလို့ခေါ်တယ် "
"အင်း...NiNi ...ငါနဲ့သူငယ်ချင်းလုပ်မလား...."
"No...ဒယ်ဒီက သူငယ်ချင်းမထားရဘူးတဲ့....သူငယ်ချင်းတွေက ရှုပ်တယ်တဲ့ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေ ကို ဖဲ့ပေးရတယ်တဲ့...ပြီးတော့ ငါ့ကို NiNiလို့မခေါ်နဲ့
Jennie လို့ပဲခေါ် ....NiNi ဆိုတာ ငါ့မိသားစုပဲခေါ်ရတာ ....."
Jennie အဖြေကြောင့် Jisoo နှုတ်ခမ်းစူလိုက်ကာ
"ဟွန်း...အေးပါ Jennie ရယ် သူငယ်ချင်းမလုပ်ချင်လဲနေပေါ့ ...ဒီမှာတွေ့လား ငါ့မှာ ဒီလိုမျိုးအရုပ်မတွေအများကြီးရှိတယ်....သူတို့နဲ့ပဲကစားတော့မယ်....."
သူမရင်ခွင်ထဲပိုက်ထားသော ဗိုလ်ဆန်ဆန်အရုပ်မလေးကို မြှောက်ပြရင်း Jisooပြောလိုက်သောစကားကြောင့် Jennie မျက်လုံးများတောက်သွားကာဖတ်လက်စ စာအုပ်ကိုချလိုက်ပြီး Jisooဘက်သို့လှည့်လိုက်သည် ...
"အံမာ..ငါ့မှာလည်းအများကြီးရှိပါ့...အတန်းကြီးလာလို့မဆော့ချင်လို့ မာမီကို မှန်ဗီဒိုထဲ ထည့်သိမ်းခိုင်းထားတာ...ငါက ဒီနှစ် အလယ်တန်းတက်မှာ....ငါကနင့် ထက်ပိုကြီးတယ်မလား
CZYTASZ
မာယာပြိုင်ပွဲ(𝙅𝙀𝙉𝙇𝙄𝙎𝘼)