အပိုင်း (၅) Zg

500 18 3
                                    

မာယာ ပြိုင်ပွဲ   အပိုင်း  ၅

Jennie  ရှိုးပွဲကပြန်လာတော့ ည ၁၂ နာရီကျော်ပြီဖြစ်ကာ ပင်ပန်းလွန်းသောကြောင့် အိပ်ရာပေါ်သို့ ပစ်လှဲချလိုက်သည် .......ဘေးတွင် ချထားသော လက်ကိုင်အိတ်ကိုဆွဲယူကာ အိတ်အတွင်းမှ ဖုန်းကိုထုတ်လိုက်သည် ....နေ့လည်က ခေါ်ထားသော ဖုန်းနံပါတ်လေးကို ငေးကြည့်မိကာ သူမ နှုတ်ခမ်းတို့ပေါ်သို့ ပြုံးနေကျအပြုံးတခု ခိုကပ်သွားသည်....လက်မ ကလေးဖြင့် ဖုန်းစကရင်ကို ပွတ်လိုက်ပြီး ထို နံပါတ်ဆီ  call နှိပ်မိတော့....

"ဟဲလို...."

သုံးခါမြောက် ring မြည်ပြီးချိန်တွင် ကြားလိုက်ရသော အိပ်ချင်မူးတူးနှင့် သူ့အသံသည် သူမ ကို ရုတ်တရက် ထထိုင် လိုက်စေနိုင်သလို သူမ ၏ရင်တို့ တဒုတ်ဒုတ် ....

"ဟယ်လို.....ဟယ်လို.....ဟာကွာ.....ဘယ်ကဖုန်းသရဲလဲမသိဘူး......"

တီ...တီ....စိတ်ဆိုးရေရွတ်သံနှင့်အတူဖုန်းချသွားသည့် အသံလေးကို နားထောင်ရင်း ဖုန်းလေးကိုကြည့်ကာ သူမ  add လိုက်မိ

သည့်နာမည် က   "  သူ  "

!!!!!!!!!!!!!!!!!!!!!!!!!

" တီး....တီး....တောင်းးးတောင်းးးး."

သူများတွေနဲ့မတူ သူမ ၏ alarm မြည်သံသည် သီချင်းသံလဲမဟုတ် သာယာသည့်သံစဉ်လဲမဟုတ် ငှက်ဆိုးတကောင် ၏အော်သံလို ထွက်ပေါ်လာတော့ အိပ်နေရာမှလှမ်းပိတ်လိုက်ပြီး စက်ရုပ်တရုပ်လို ပင် သူမ ထလိုက်ကာ ရေချိုးခန်းဝင် သည်မှစတင်ပြီး သူမ ၏နေ့စဉ်လုပ်ငန်းစရလေသည် ....မနက် ၈ နာရီအတိဆို သူမ၏

မန်နေဂျာမလေး DeDe သည် ကုမ္ပဏီမှပေးထားသော ကားဖြင့်လာခေါ်ကာ ရှူတင်သို့သွားမည်..တနေကုန်ရှူတင်ရိုက်ရင်း ညနေစောင်းများတွင် event ရှိလျင် presenter အဖြစ်သွားရမည် ....show  ပွဲရှိလျင်  show သွားလျှောက်ရမည် ...သို့မဟုတ်ပါက  fitness သို့ ဝင်ကာ အားကစားလုပ်ပြီး အိမ်သို့ အစောဆုံး ည ၈ နာရီမှပြန်ရောက်လိမ့်မည် .....

"မာမီ....မာမီ...."

လှေကားပေါ်မှဆင်းလာသောသူမ၏ခေါ်သံကြောင့် ထုံးစံအတိုင်းကျောက်မျက်ပွဲစားအလုပ်ကို မစွန့်လွှတ်နိုင်သေးသော မာမီသည် ဧည့်ခန်းအတွင်းအလုပ်ကိစ္စဖုန်းပြောနေရင်းသူမ ကို တချက်လှမ်းကြည့် ကာ မီးဖိုဘက်သို့ လက်ညှိုးထိုးပြသည်.......

မာယာပြိုင်ပွဲ(𝙅𝙀𝙉𝙇𝙄𝙎𝘼)Where stories live. Discover now