Chapter 11💫(U+Z)

113 12 3
                                    

(Unicode)

"မနက်ဖြန်ဆို လူနာBoun ဆေးရုံက ဆင်းလို့ပါပြီနော်"

"ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်ဆရာ။ သားလေးဆေးရုံကဆင်းရတော့မှာဆိုတော့ သားစားချင်တာရှိလား အမေအန်တီလေးကို ချက်ခိုင်းထားလိုက်မယ်။ "

"ရပါတယ် မရှိပါဘူး "

"ဪအေးပါကွယ် ဒီနေ့ Prem လေးတောင်မလာဘူး အလုပ်ရှုပ်နေတယ်ထင်တယ်။"

"အမေကလဲ ဘာကိစ္စသူ့ကိုဂရုစိုက်နေတာလဲ သူ့ဟာသူလာချင်လာမလာချင်နေပေါ့"

"သား သူ့ကိုသဘောမကျဘူးမလား"

"သိရဲ့သားနဲ့မေးနေတာလား မသိလို့မေးတာလား ကျိန်းသေပေါက်သဘောမကျဘူးပေါ့"

"သားချစ်ရတဲ့သူရှိလို့လား။ Noon ကိုတော့မပြောနဲ့နော် သူနဲ့တော့ အဖေတင်မဟုတ်ဘူး အမေလဲသဘောမတူဘူး သားအဖေအကြောင်းလဲ သားသိတယ်မလား။ သူ့ကြောင့်သားဖြစ်ခဲ့တာတွေလဲ သားသိတယ်မလား။Premလေးကို အစမလို့ သားသဘောမကျတာပါ နောက်ကျသဘောကျသွားမှာပါ။"

"___"

Boun ဆေးရုံဆင်းမဲ့နေ့

"သားခနလေးနော် အမေဆရာဝန်နဲ့စကားသွားပြောလိုက်ဦးမယ် ဒါမှမဟုတ် သားပါလိုက်ခဲ့မလား"

"မလိုက်တော့ဘူး သားဒီမှာပဲထိိုင်စောင့်နေလိုက်မယ်"

Boun လဲအပြင်ဘက်က ထိုင်ခုံမှာထိုင်ပြီး သူ့အမေကိုစောင့်နေတုန်း ဘေးကနေကောင်မလေးတစ်ယောက် သူ့လက်ကိုဆွဲတာကိုခံလိုက်ရသည်။Boun လဲလန့်ပြီး လက်ကိုရိုက်ထုတ်လိုက်သည်။

"မင်းဘာလုပ်တာလဲ"

"ရှူး ကို Noon ပါ။ မေမေသိရင် Noon ကိုပြောမှာစိုးလို့ တိုးတိုးလေးလာတာ"

"ဪ  Noonရယ် ရပါတယ်။ ကိုတစ်ယောက်လုံးရှိတာပဲ ဒီလိုတိတ်တိတ်လေးလာစရာမလိုပါဘူး ။မဟုတ်တောင် ကိုNoon ဆီလာမလို့။ "

"Noonပြောစရာရှိလို့။ ဒီမှာကို Noon ပြောတာကိုသေချာနားထောင်နော်"

"ကို Prem နဲ့လက်ထပ်လိုက် "

"ဟမ် Noon နေမကောင်းဘူးလား"

"ကိုမှအိမ်ကိုမငြင်းနိုင်တာ လက်မထပ်ချင်ရင် ကို Noon နဲ့ထွက်ပြေးမလို့လား။ Noon ကတော့မလုပ်ချင်ဘူး ကိုယ့်မိဘတွေ Noon ကိုငြိုငြင်မှာကြောက်တယ် ။ "(အမှန်တကယ်ကတော့ သူတို့ထွက်ပြေးလိုက်ရင် Boun ရမဲ့အမွေတွေ မရမှာစိုးလို့ပါ)

I hate love but.... Where stories live. Discover now