Chapter 6💫(U+Z)

111 13 7
                                    

(Unicode)

"သားလေးပြန်လာပြီလား အဆင်ပြေခဲ့ရဲ့လား "

Boun အိမ်ပြန်လာတော့ သူ့အမေက မေးနေခြင်းဖြစ်သည်။

"ပြေပါတယ် အမေသားပင်ပန်းလာလို့ သွားနားလိုက်ဦးမယ်"

"သြော် အေးအေး"

Boun ရေချိုးပြီး စိတ်ပျက်ပျက်နှင့် အိပ်ယာထဲလှဲချလိုက်ကာ သူဖုန်းကို ထုတ်ကြည့်တော့missedcallတွေအများကြီး ဝင်နေသည်။

"ဟယ်လို Babe ကိုခုနအလုပ်ရှုပ်နေလို့ ဖုန်းမကိုင်မိဘူး။ "

"ဘယ်သူနဲ့ သွားတွေ့နေလို့ Babe ဖုန်းကိုတောင် မကိုင်ရတာလဲ"

"မဟုတ်ပါဘူး ဒီတိုင်းတွေ့စရာရှိလို့ပါ"

"အင်း....babeလေဒီနေ့ အရမ်းလှတဲ့အိတ်လေးတွေ့ခဲ့တယ်သိလား"

"___"

"ကို...ကို Babe ခေါ်နေတာကြားလား"

"ဟမ် Babeရေ ကိုအခုအရမ်းပင်ပန်းပြီး နားချင်နေလို့ ဖုန်းချလိုက်တော့မယ်နော် မနက်ဖြန်မှ ကိုလာခေါ်မယ်လေ ။"

"ဘာလဲဟာ ကိုကbabe နဲ့ဖုန်းမပြောချင်ဘူးလား တစ်နေကုန်လဲဖုန်းမခေါ်ဘူး ခေါ်တော့လဲမကိုင်ဘူး ခုကျလဲဖုန်းချမယ်တဲ့ တော်ပြီ မပြောချင်လဲမပြောနဲ့တော့ အဲ့မှာတစ်သက်လုံးသာနားနေတော့"

"မဟုတ်ဘူး Babe ကိုက....."

တီတီတီ.....

ဟိုဘက်ကဖုန်းချသွားခဲ့သည်။ Boun ဖုန်းအကြိမ်ကြိမ် ထပ်ဆက်ပေမယ့် ဟိုဘက်ကတော့ ဖုန်းပဲစက်ပိတ်သွားခဲ့သည်။

"ဟာကွာ"

ခွမ်း!

Boun ဖုန်းကိုနံရံနဲ့ ပစ်ပေါက်လိုက်လို့အစိတ်စိတ်အမြွှာမြွှာကွဲသွားသော ဖုန်းမှန်လေးနဲ့အတူ အသံအကျယ်ကြီး ထွက်လာခဲ့သည်။

"Boun သားလေးဘာဖြစ်လို့လဲ"

"ဖန်ခွက်လွတ်ကျတာ သားဘာမှမဖြစ်ဘူး"

"အေးပါသားလေးရယ် နားတော့နော် "

သူ့အမေထွက်သွားမှ Boun လဲဝရန်တာ ထွက်လာပြီး မသောက်တာကြာတဲ့ ဆေးလိပ်ကိုဖွာရင်း

"ဟူး နေ့တာကလဲရှည်လိုက်တာကွာ" ဆိုပြီး ဆေးလိပ်ငွေ့တွေနဲ့အတူ ညည်းညူသံတွေ မှုတ်ထုတ်လိုက်သည်။
တစ်ဖက်က ကောင်လေးတွင်တော့ ညည်းညူဖို့ အချိန်မရှိခဲ့ပါဘူး။သူBoun နဲ့တွေ့ပြီးပြန်လာကတည်းက နားချိန်မရှိအောင် လူနာတွေကို ကြည့်ပေးနေခဲ့ရလေသည်။

I hate love but.... Where stories live. Discover now