(Unicode)
ဗိုက်ဆာနေသော Premလေးသည် Boun နဲ့စကားပြောပြီး အိမ်ရောက်မှ ခေါက်ဆွဲပြုတ်စားမည်ဟူသောအတွေးနှင့် အိမ်ကိုသာ မြန်မြန်ပြန်လာခဲ့သည်။ အိမ်ရောက်တော့ သူ့အမေနဲ့ဦးလေးက ထမင်းမစားသေးပဲ Prem ကိုစောင့်နေသည်။
"ဟယ် သားလေးပြန်ရောက်လာပြီ လာတစ်ခါတည်း စားရအောင်"
"အမေတိို့က အခုထိ ထမင်းမစားရသေးဘူးလား"
"အေးသားအဖေကလဲ အိမ်ပြန်နောက်ကျတာနဲ့ သားကို စောင့်နေလိုက်တာ"
"စားလိုက်တာမဟုတ်ဘူး သားပြန်မလာရင် ဘယ်လိုလုပ်မလဲ"
"ဆေးရုံကို ဖုန်းဆက်ကြည့်လိုက်တော့ သားပြန်သွားပြီပြောလို့ စောင့်နေတာ ဒါနဲ့သားဘယ်တွေဝင်နေတာလဲ"
" Boun နဲ့သွားတွေ့တာ"
"ဟမ် အဟွတ် "
Prem အမေ ဟင်းရည်သောက်ရင်း သီးသွားသည်။
"သားတို့က အဲ့ဒီအဆင့်ထိတောင် ရောက်သွားပြီလား"
"ဟာ မဟုတ်ပါဘူးအမေရယ် အမေ့သားအကြောင်းလဲ သိရဲ့သားနဲ့"
"မသိဘူးလေ သားကတွေ့တယ်လို့ ပြောတာကို"
"မိန်းမရယ် မင်းအသာနေစမ်းပါကွာ သားပြီးအောင်ပြောပါစေဦး"
ဦးလေးက Prem ကိုကြည့်ပြီး Prem ပြောမဲ့စကားကို သေချာနားထောင်နေသည်။
"လက်ထပ်မှာလေ သူ့ဘက်ကလဲ လက်ထပ်မယ်တဲ့ သူ့အိမ်ကမပြောဘူးလား?? အဲ့ဒါ စနေနေ့ သားသူ့အိမ်ကိုသွားမှာ"
"သူ့အိမ်ကို ?"
"ဟုတ်တယ် သားတို့အိမ်ခွဲနေဖို့ အကြောင်းရယ် တခြားအကြောင်းတွေရယ် ပြောစရာရှိလို့"
"အမေတို့လိုက်ခဲ့မယ်လေ လူကြီးချင်းလဲ တွေ့ပြီသား ရတာပေါ့"
"ရပါတယ် လိုက်ခဲ့လေ ဒါပေမယ့် အမေသားပြောတာတွေကို ကန့်လန့်တော့မလုပ်နဲ့နော် ဦးလေးကောလိုက်မှာမလား"
"အေး သားအဆင်ပြေရင် လိုက်ခဲ့မယ်လေ ဦးလေးသူ့အဖေကိုကြိုပြောထားလိုက်မယ်"
"ဟုတ်ကဲ့ အက်လိုပဲလုပ်လိုက်ပါ ကောင်းကောင်းစားခဲ့ပါတယ်။ သားပေါ်တက်တော့မယ်နော်"
YOU ARE READING
I hate love but....
Romanceအချစ်ကိုအယုံအကြည့်မရှိတဲ့ကောင်လေးရယ် ဘဝကိုစက်ရုပ်တစ်ရုပ်လိုရှင်သန်နေရတဲ့ကောင်လေးရယ်တွေ့ကြတဲ့အခါဘာဆက်ဖြစ်မလဲ?? ပထမဆုံးစရေးတဲ့ ficလေးမလို့ အမှားပါရင်ခွင့်လွှတ်ပေးကြပါရှင့်🥺🥰