Chapter 4💫(U+Z)

117 12 0
                                    

(Unicode)

Prem ရဲ့ပထွေး သူ့အမေရဲ့နောက်ယောကျာ်းက လုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်သည်။Premအမေရဲ့ ကျောင်းတုန်းကစီနီယာတစ်ယောက်လဲဖြစ်သည်။ ပထွေးဆိုပေမယ့် Premအပေါ်မှာတော်တော်ချစ်ရှာသည်။Premရဲ့အမေနဲ့ ကလေးထပ်မယူတော့ပဲ Premကို သားအရင်းလေး တစ်ယောက်လို အမြဲတမ်းအရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်နေတတ်သည်။ သူကုမ္ပဏီက အနားယူသွားတဲ့အခါ Prem ကို သူ့နေရာယူရန် ပြောသော်လည်း Prem ကစိတ်မဝင်စားဘဲ သူဖြစ်ချင်တဲ့ ဆရာဝန်သာလုပ်ခဲ့သည်။ Premဆေးကျောင်းတက်တော့လဲ နောက်ကနေလိုလေသေးမရှိအောင်ပံ့ပိုးသေးသည်။ Prem ကလဲအဖေရင်းတစ်ယောက်လောက်တော့မချစ်နိုင်ပေမယ့် ဦးလေးလိုတော့ပြုစုစောင့်ရှောက်တတ်ပါသည်။ဒါပေမယ့် တစ်နေ့မှာလဲပြသာနာလေးစလာခဲ့ပါတယ်။တစ်နေ့ Prem ဆေးရုံကပြန်ရောက်လာတော့

"ပြန်ရာက်ပါပြီ။"

"သား Prem ခနလာပါဦး အမေပြောစရာရှိလို့။"

Prem လဲ လက်ထဲက ပစ္စည်းတွေချပြီး သူ့အမေဘေးသွားထိုင်လိုက်သည်။

"သားပင်ပန်းလာပြီလား ရေချိုးပြီးမှပဲ အမေပြောရမလား"

"ခုပြောလို့ရပါတယ် အရမ်းမပင်ပန်းပါဘူး"

"သားကို ပြောစရာဆိုတာထက် အကူအညီတောင်းစရာဆိုတာက ပိုမှန်မယ်ထင်တယ်။အခုသားအဖေ(Prem ရဲ့ပထွေး)က ပရောဂျက်တစ်ခု လုပ်စရာရှိတယ်။အက်ဒါ***ကုမ္ပဏီနဲ့ပူးပေါင်းရမှာ။"
Prem အမေကပြောရင်း ရပ်သွားသည်။(ကုမ္ပဏီနာမည်မရေးတော့ဘူးနော်)

"အော် ဟုတ်လား ကောင်းပါတယ်။ အက်ဒါ ဘာပြသာနာရှိလို့လဲ"

"သူတို့က ဒီတိုင်းတော့ မပူးပေါင်းနိုင်ဘူးတဲ့။သားနဲ့သူ့သားနဲ့ကို လက်ထပ်ပေးရမယ် ပြောတယ်။"

Prem အရမ်းမျက်နှာပျက်ပြီး စိတ်ပျက်သွားသည်။အချစ်ကို မယုံကြည်ပါဘူးဆိုတဲ့ လူကိုမှ လက်ထပ်ဖို့လာပြောနေရလားဆိုပြီး တွေးနေသည်။Prem မျက်နှာပျက်သွားတာကို သူ့အမေမြင်လိုက်သည်။ဒါပေမယ့် သူက prem နားဝင်အောင်ဆက်ပြောနေသည်။

"ဟိုတစ်ခါ သားကုမ္ပဏီကို သွားတုန်းက သူတို့သားကိုတွေ့ပြီး သဘောကျသွားတယ် ပြောတယ်။ပြီးတော့သားအဖေရဲ့ ကုမ္ပဏီက ဒီပရောဂျက်ကို အရမ်းအားထားနေရတာ" Premအမေက Prem ရဲ့လက်လေးကိုင်ပြီး ပြောနေသည်။

I hate love but.... Where stories live. Discover now