Chapter 3💫(U+Z)

148 14 4
                                    

(Unicode)

ဟူး ပင်ပန်းလိုက်တာ။အချိန်က နေ့လည်တောင်ရောက်သွားပြီ။ ကျွန်တော် 5နာရီလောက် ခွဲစိတ်ခန်းထဲမှာခွဲစိတ်ပေးနေရတယ်။ဗိုက်ကလဲတဂွီဂွီနဲ့ ။တော်သေးတာပေါ့ ကျွန်တော် မနက်ကအဆာပြေစာ စားခဲ့လို့။မဟုတ်ရင် ခွဲစိတ်ခန်းထဲတင် ကျွန်တော် down နေလောက်ပြီထင်တယ်။

"ဟေး Prem ခွဲစိတ်ပြီးသွားပြီလား။အကုန်လုံး အဆင်ပြေတယ်မလား။ မနက်စာကော စားခဲ့ပြီလား။ နေ့လည်စာ သွားစားတော့မှာလား။ "

"ဘုရားရေ! Sammy ရော့ နင်ရေသောက်လိုက်ဦး။ဘယ်လိုဖြစ်လို့ မေးခွန်းတွေကို တရစပ်မေးနေတာ မမောနိုင်မပန်းနိုင်နဲ့။ ငါခွဲစိတ်ခန်းဝင်ရတာ မမောဘူး ခုနင့်ကြည့်ပြီး မောနေပြီ။ လာ နေ့လည်စာ သွားစားမယ် ငါဗိုက်ဆာနေပြီ။နင့်မေးခွန်းတွေကို စားရင်းနဲ့မှ ဖြေတော့မယ်။"

Sammy သူကကျွန်တော့် သူငယ်ချင်း။ငယ်ပေါင်းတော့မဟုတ်ဘူး ဆေးတက္ကသိုလ်တက်ရင်းမှခင်တာ။လိုင်းတွေခွဲတော့ ကျွန်တော်က ဦးနှောက်နဲ့အာရုံကြောကိုယူလိုက်ပြီး သူက ကလေးချစ်တတ်တော့ ကလေးအထူးကုကိုရွေးလိုက်တယ်။ဒါပေမယ့် တာဝန်ကျတော့ ဆေးရုံတစ်ခုထဲကျပြန်ရော။ရေစက်လို့ပြောရမလား။သူကကျွန်တော့်အတွက် တစ်ဦးတည်းသော မိန်းကလေးသူငယ်ချင်းပါ။ မိန်းကလေးပေမယ့် သူနဲ့ခင်ရတာ ယောကျာ်းလေးနဲ့ခင်ရသလိုပါဘဲ။ သူ့ကို မိန်းကလေးလို့ကို မြင်လို့မရတာ။ ကျွန်တော့်အတွက် ဆိုးတူကောင်းဖက် သူငယ်ချင်းလို့ ပြောရင်လဲမမှားပါဘူး။

"ဟေ့ Prem နင့်ရဲ့အိမ်ကအချစ်တော်ကြီးနဲ့ အခြေအနေဘယ်လိုလဲ။"

"Sammy ရေ ငါထမင်းကို အေးအေးဆေးဆေး စားပါရစေဟာ ပြီးရင် လူနာကြည့်ရဦးမှာ နင့်လိုအားယားမနေဘူး"

"အောင်မလေး ငါကအားယားတယ် နင်ပြောရဲတယ်နော်။ငါ့ရဲ့လူနာလေးတွေလဲ ပုံလို့ပါနော်။သူ့အချစ်ကြီးအကြောင်း မေးရင်အမြဲတမ်း ရန်တွေ့တော့တာပဲ မမေးဘူးအေ။"

Sammy ပြောတဲ့ အချစ်ကြီးဆိုတာ မနက်ကတွေ့ခဲ့တဲ့ ခေါင်းဖြူကြီးကို ပြောတာ။ Sammy သိချင်သလို အားလုံးလဲ ကျွန်တော်နဲ့ မနက်ကလူအကြောင်း သိချင်ကြမယ်ထင်တယ်။ ဒါဆို ကျွန်တော်ပြောပြမယ်နော်။

I hate love but.... Where stories live. Discover now