Chapter 8💫(U+Z)

97 17 19
                                    

(Unicode)

Boun ခွဲစိတ်ပြီး နောက်တနေ့မနက်ခင်း Prem လူနာကြည့်ဖို့ အချိန်ထက်နည်းနည်း စောလာပြီး Boun အခန်းကိုလာခဲ့သည်။

"သားနည်းနည်းလောက်စားလိုက်ပါ သားကြိုက်တဲ့ဆန်ပြုတ်လေ အန်တီလေးပြုတ်ပေးထားတာ"

"Boun မင်းအမေကို စိတ်မကောင်းဖြစ်အောင် လုပ်မနေနဲ့ စားလိုက်စမ်း"

Boun ကတော့ပါးစပ်မဟ တခြားတစ်ဖက်ကိုသာကြည့်နေသည်။

"Boun မင်း"

Prem လဲထိုအဖြစ်အပျက်ကို ဆက်မကြည့်နိုင်တော့၍ အခန်းထဲဝင်လာခဲ့သည်။

"ဟိုလေအန်ကယ်လ် Boun ကအခုမှခွဲစိတ်ထားတာဆိုတော့ ဒဏ်ရာကြောင့်ရယ် ပင်ပန်းထားတာကြောင့်ရယ်တွေပါလို့ အစားမစားချင် သေးတာပါ။ပြီးတော့ သူstress တွေများနေတာ ကျေးဇူးပြုပြီး သူ့ကိုဖိအားသိပ်မပေးပါနဲ့။"

"လူငယ်က stress များရတယ်ရှိသေး ဟင်း"

"ကဲပါ ကိုရယ် ကုမ္ပဏီသာ သွားလိုက်ပါတော့"

Boun အဖေထွက်သွားတော့ Boun အမေက

"Prem သားလေးကျွေးကြည့်ပါ့လား အန်တီတို့ကျွေးတာ ဘယ်လိုမှမစားလို့"

"ဗျာ "

Prem ဆိုတဲ့ကောင်လေးက ထမင်းခွံကျွေးရတာတွေ ချော့ပြောရတာတွေမကြိုက်လို့ သူ့အမေတို့တောင် နောက်ထပ်ကလေးမယူပါစေနဲ့လို့ ဆုတောင်းနေတဲ့ ကောင်လေးလေ။အခု ကလေးထပ်တောင် လက်ပေါက်ကပ်တဲ့ Boun ကိုသူဆန်ပြုတ်တိုက်ရတော့မယ်ဆိုတော့ Prem ထိုင်တောင်ငိုချင်သွားသည်။ Boun အမေက Prem ရဲ့လက်ထဲကို ဆန်ပြုတ်ပန်းကန်ထည့်ပေးပြီး အပြင်ထွက်သွားသည်။

"ရော့ မင်းအမေကို စိတ်ချမ်းသာစေချင်ရင် စားလိုက်"

"ခုနကကျ မင်းပဲမစားရင် ရတယ်ဆို"

"အဲ့ဒါ မင်းအဖေစိတ်လျော့သွားအောင် ပြောတာ မစားလို့မင်းဘယ်လိုလုပ် အားရှိမှာလဲ မဟုတ်မှ မင်းတကယ် သေမလို့ကြံနေတာလား"

Boun ကတော့ဘာမှပြန်မဖြေ Prem လဲသက်ပြင်းချပြီး လက်ထဲက ဆန်ပြုတ်ကို သူ့ဘာသာသူ စားလိုက်သည်။ Boun ကတော့ Prem ကိုနားမလည်နိုင်သောအကြည့်နဲ့ ကြည့်နေသည်။

I hate love but.... Where stories live. Discover now