Chapter 2💫(U+Z)

163 17 4
                                    

(Unicode)

"Prem သားလေးမနက်စာစားမသွားတော့ဘူးလား"

ကျွန်တော်တို့ အိမ်အကူအန်တီက မနက်စာပြင်နေရင်းမီးဖိုချောင်ထဲကနေအော်မေးတယ်။

"ဟုတ် မစားသွားတော့ဘူး အန်တီလေး မနက်ပိုင်းခွဲစိတ်ခန်းဝင်စရာလေးရှိလို့။"

ကျွန်တော်လဲ အန်တီလေး အမေးကိုပြန်ဖြေပြီး အိမ်ကနေ လောလောနဲ့ ထွက်လာခဲ့တယ်

ဪ ကျွန်တော်ကိုယ်ကျွန်တော် တရားဝင် မိတ်ဆက်ပေးရဦးမှာဘဲ။ကျွန်တော့်နာမည်က Prem Waurt Chawalitrujiwong အသက်ကတော့ 25နှစ် Thai လူမျိုး Bangkok မှာနေတယ်။အလုပ်အကိုင်ကတော့ ဆရာဝန် အတိအကျပြောရမယ်ဆိုရင်တော့ ဦးနှောက်နဲ့အာရုံကြောအထူးကုဆရာဝန်ပါ။ကျွန်တော်က broken familyကပါ။အဖေနဲ့အမေက ကွာရှင်းထားပြီး အမေကလဲနောက်အိမ်ထောင်နဲ့ အဖေကလဲနောက်အိမ်ထောင်နဲ့ပါ။ဒီအချက်က ကျွန်တော်အချစ်ကို မယုံကြည်တာတွေထဲက တစ်ချက် ဖြစ်ပါလိမ့်မယ်။ကျွန်တော့်မှာအဖေတူအမေကွဲ ညီမတစ်ယာက် လဲရှိပါသေးတယ်။အခုလက်ရှိ ကျွန်တော်အမေနဲ့ နေပါတယ်။ဪ မှားလို့ ကျွန်တော် အခုလက်ရှိ မနက်ကတွေ့ခဲ့တဲ့ခေါင်းဖြူကြီးနဲ့ နေပါတယ်။ကျွန်တော့်အကြောင်းကိုဒီလောက်နဲ့ရပ်ပြီး ကျွန်တော်ဆေးရုံကို ပြေးလိုက်ပါဦးမယ်။

တစ်ဖက်တွင်တော့

ကျွန်တော် ဒီနေ့ရုံးပိတ်ရက်မလို့ နေမြင့်အောင်အထိအိပ်မယ် စဥ်းစားထားသော်လည်း ဟိုအကောင်ပေါက်ကြောင့် ကျွန်တော့်အစီအစဉ်တွေ ပျက်ခဲ့ရတယ်။ပြန်အိပ်လို့လဲ မရတော့တာနဲ့ ကျွန်တော် ရေချိုးပြီး မနက်စာစားရန် အောက်ထပ်ကို ဆင်းလာခဲ့တယ်။အောက်ထပ်မှာ အန်တီလေး(အိမ်အကူအန်တီ) လုပ်ပေးထားသောနံနက်စာကိုစားရင်း

"အန်တီလေး ဟိုကလေးမနက်စာစားမသွားပြန်ဘူးလား "

"အေးဟုတ်တယ် သားရေ မနက်ခင်းပိုင်း ခွဲစိတ်ခန်းဝင် စရာရှိလို့ဆိုပြီး အလောတကြီး ထွက်သွားတယ် ။ဟင်း ဆရာဝန် ဖြစ်ရတာလဲ မလွယ်ပါ့လားနော်။ ပိတ်ရက်တောင် အလုပ်လုပ်ရတယ်။ လူ့အသက်ကယ်နေတာပါဘဲလေ မွန်မြတ်တဲ့အလုပ်ပါ။ ကဲစားစား အန်တီလေးလဲ လုပ်စရာရှိတာတွေ လုပ်လိုက်ဦးမယ်။"

I hate love but.... Where stories live. Discover now