အမေရိကမှာနေသည့်အကြောင်းပြချက်

745 68 7
                                    

= Reunion =

Unicode

by (hee-fei)

လူပေါင်းများစွာ သွားလာလှုပ်ရှားနေသည့် လေယာဥ်ကွင်းထဲ၌ suti အနက်ရောင်ကို ဝတ်ကာ ခါးထောက်ရပ်နေသည့် Korean top (10) ယောက်ထဲက No(2) စာရင်းဝင် ရှင်းဂျယ်ယွန်း။ လေယာဥ်ကွင်းမှာ ရပ်နေရတဲ့ အကြောင်းအရင်းလား ?? အမေရိကနေ ဒီနေ့မှပြန်ရောက်လာမယ့် သူ့သူငယ်ချင်းကို လာစောင့်နေတာလေ။ ေစာင့်ရတာ ၁၅မိနစ်လောက်ရှိနေပြီ အခုထိ သူနဲ့တူသည့်အရိပ်အယောင်လေးတောင်မတွေ့မိသေး။ ဟော.....ပြောရင်းနဲ့ တွေ့ပါပြီ။

Suti အဖြူရောင်ကို အထဲက အင်္ကျီအပြာနုရောင်လေးနဲ့ တွဲဝတ်ထားပြီး သူ့ဆီကို စတိုင်ကျကျနဲ့ တည့်တည့်မတ်မတ်လျှောက်လာသည့် Korean Top (10) ထဲက No (1) နေရာမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ နေရာယူထားသည့် အီဟီဆွန်း။

"ဟေ့....my friend ငါဒီမှာ" သူ့ဆီကို တန့်တန့်မတ်မတ်လျှောက်လာနေတာတောင် ငါဒီမှာလို့ထလုပ်နေသေးသည်။

" နောက်ဆုံးတော့ မွေးရပ်မြေကိုပြန်လာနိုင်ခဲ့ပြီပဲ့။ ဟန်ဂုကိုပြန်မရောက်တာ ၅နှစ်လောက်ရှိနေပြီပဲ့"

အလွမ်းသည်နေတာမဟုတ်တော့ဘူး။ လူက၁၅မိနစ်လောက်ရပ်စောင့်ထားရလို့တင်းနေတာ။

" ဟီဆွန်း နောက်မှ အလွမ်းသည် လာအခုသွားမယ် ငါတို့မှာ meeting ရှိသေးတယ်"

ခဏကပြုံးနေသည့်မျက်နှာက ချက်ချင်းမှဲ့ရွဲ့ကာ " ငါသိပါတယ် အခုလေးတင် အခြေမိပါတယ်။ အလုပ်ကတန်းလုပ်ရတော့မယ်"

" ဟီဆွန်း မင်းဖင်ရှည်မနေနဲ့ ဒီmeetingကို မင်းအရင်စလို့တက်ရတာလေ။ ငါပြောပါတယ် ရောက်တာနဲ့တစ်ရက်လောက်နားပြီးမှ အလုပ်စလုပ်ပါဆို မဟုတ်ဘူး ချက်ချင်းတွေ ဇွတ်တွေကို လုပ်ချင်နေတယ်။ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ့။ သွားမယ် ည ည်းမနေနဲ့"

" ငါကလည်း တစ်ခြားနေတွေကို meeting အတွက်အချိန်သီးသန့်မပေးချင်လို့ပါ။ meeting လုပ်တာ ဘယ်လောက်မှကြာမှာမှမဟုတ်တာ မင်းကလည်း လာသွားကြမယ် "

" သွားမယ်"

ဟီဆွန်း ကုမ္ပဏီ ကိုရောက်တော့လည်း ကုမ္ပဏီကဝန်ထမ်းတွေအကုန် အပြင်မှာ ရပ်ပြီး နှုတ်ဆက်ကြတယ်။ ကျန်သည့်နေရာတွေမှာသာ ပေါတောတောနေချင်နေမည် အလုပ်နဲ့ ပတ်သက်ရင်တော့ အမြဲ အလေးအနက်ထားပြီးလုပ်တတ်သူပီပီ အလုပ်ရောက်တာနဲ့ လူကတစ်ခြားသူတစ်ယောက်လိုပြောင်းလဲသွားသည်။ မျက်နှာထားကိုတည်ကာ ကုမ္မဏီထဲ ဝင်လာခဲ့လိုက်သည်။

REUNION // HeewonOpowieści tętniące życiem. Odkryj je teraz