ဂျောင်ဝန်း၏အကြောင်း

1.3K 95 18
                                    


= REUNION =

Unicode

by ( hee-fei )

နေ့သစ်တစ်ခုကိုအစပြုတော့မည့် မနက်ခင်းရဲ့ နေအလင်းရောင်ခြည်ဖျာထွက်နေသည့်သာယာလှသည့် မနက်ခင်းအချိန်အခါလေးမှာ မနက်အစောကြီး အိပ်ယာကထကာ အိမ်အောက်ထမင်းစားခန်းထဲ၌ တစ်ယောက်ထဲ အလုပ်များနေသည့် ယန်းဂျောင်ဝန်း။

နွားနို့ခွက်ပူပူနွေးနွေးလေးထဲကို ခရင်တစ်ဝက်လောက်ထည့်ကာ ပေါင်မုန့်ထောပတ်သုတ်လေးကို မနက်စာအဖြစ်ပြင်ဆင်ကာ စားပွဲပေါ်၌ တင်ထားလိုက်သည်။ ပြီးတော့ သားလေးအကြိုက် စတော်ဘယ်ရီကိတ်လေးကတော်မပါမဖြစ်ပေါ့။

နောက်ဆုံးကျန်သည့်ကိတ်မုန့်ပူပူလေးကို စားပွဲပေါ်တင်ကာ ဝတ်ထားသည့် အေပရွန်ကို ချွတ်ပြီး သားလေးအိပ်နေသည့် bae boo won lay's room လို့ ချိတ်ဆွဲထားသည့် အခန်း ထဲကို ဝင်လာခဲ့လိုက်သည်။

အခန်းထဲမှာတော့ စောင်တွေကြားထဲ ကွေးကွေးလေးအိပ်ပျော်နေသည့် သားလေး။ အိပ်ယာတစ်ခုလုံးလည်း bunny အရုပ်တွေနဲ့ပြည့်နေတာပဲ့။ bunny အိပ်ယာလား သူ့အိပ်ယာလားဆိုတာတောင်မသည်းကွဲတော့ပါဘူး။ ကွေးကွေစလေး အိပ်နေသည့် သားလေးရဲ့ ကုတင်ပေါ်ကိုတက်သွားပြီး နူးအိနေသည့်ပါးအိအိလေးနှစ်ဖက်ကို မွေးကြိုင်လိုက်တော့ " ခ်ခ်.... " ချစ်စရာကောင်းလှသည့်ရယ်သံလေးနဲ့အတူမျက်လုံးတစ်ဖက်ပွင့်ပြီးသူ့ကို ရယ်ပြနေသည့် သားလေး။

သိတာပေါ့ သားလေးအကြောင်း သူလာနိုးမည့်အချိန်ကိုစောင့်နေတာလေ။ လာမနိုးရင် ထမည်မဟုတ် ပေတေပြီးအိပ်နေမယ်ဆိုတာသူသိပြီးသား။

" appa သားဝန်းငယ် လူလည်လေးရေ....နိုးနေပြီဆိုတာ appa သိတယ်နော် ထတော့ "

" ခ်ခ်......ဝန်းငယ်က appaလာနိုးမယ့်အချိန်ကိုစောင့်နေတာလေ ပါပါ့ကလည်း "

" သိတာပေါ့ appaသားလေးရယ်...ကဲ့ထတော့ မျက်နှာသစ်ပြီးကျောင်းသွားဖို့ပြင်ဆင်ကြမယ် ဟိုမနေကလို ​ှောင်းနောက်ကျချင်သေးတာလားပြော"

အိပ်နေရာကနေချက်ချင်းသူ့ကိုယ်ပေါ်ပြေးတက်ကာ လည်ပင်လေးကိုတွယ်ကပ်ပြီး " ဟင့်အင့်....နောက်ကျချင်ဘူး ဟိုနေ့က နည်းနည်းလေးပဲ့နောက်ကျတာကို ဆရာမက ဝန်းငယ်ကို ထိုင်ထလုပ်ခိုင်းတယ်။ ဝန်းငယ်လုပ်ချင်တော့ဘူး အက်လိုလုပ်ရတာ ညောင်းတယ် ပါ့ပါး"

REUNION // HeewonWhere stories live. Discover now