=Reunion= ( Unicode )
by (hee-fei)
" သဲငယ် မနက်စာ အရင်သွားစာကြမယ်လေနော် သဲငယ်ရော ငယ်လေးရော ဗိုက်ဆာနေကြပြီမလား"
" သားသားတော့ ဆာဆာ အရမ်း "
" ဟ ဟ ဒယ်ဒီ သိပါတယ်ဗျ ကဲ့ ဒယ်ဒီ တို့ စာသောက်ဆိုင်ကို အရင်သွားကြမယ်ဗျ"
" ရက်စ်... ဒယ်ဒီ... လဲ့ချူးဂိုးးး ဒယ်ဒီ"
ကိုကို လာသည့် စားသောက်ဆိုင်ကို ကြည့်လိုက်တော့ ဆိုးလ် မှာ ဈေးအကြီးဆုံး စားသောက်ဆိုင်။ မနက်စာလေး စားမာကို ကိုကိုက ဒီဆိုင်ကိုတောင် ခေါ်လာတယ်။ ဒီဆိုင်က သူကြားဖူးတာတော့ ဝင်လာပြီး ထိုင်လိုက်တာနဲ့ကို service ဖိုးက ပေးနေရပြီတဲ့။ ဝင်တောင်မဝင်ရဲဘူး။ ကိုကိုက မသိတာလား တမင်ခေါ်လာတာလား။
" ကိုကို သဲငယ်တို့ ဒီဆိုင်ကို ဝင်ရမှာလား"
" အွန်းလေ ဘာလို့လဲ သဲငယ်လေး။ မျက်နှာက ဘာလို့ အီးမှန်ထားသလိုဖြစ်နေပြန်တာလဲ သဲငယ် ဒီဆိုင်ကို မကြိုက်လို့လား ဒီဆိုင်က အစားအသောက်တွေကို လာစားကြည့်လို့ ဂျယ်ယွန်း ပြောတာပဲ့။ ကို ဆိုင်မှားခဲ့တာလား ခဏနော်"
ဖုန်းထုတ်ပြီး မြေပုံကို ပြန်ကြည့်နေသည့် ကိုကို။ဒါဆို ကိုကိုက ဒီဆိုင်ကို သိသားနဲ့ တမင်ကို လာတာပေါ့
" ကိုကို သိတာလား ။ သဲငယ်က ကိုကို မသိဘဲ လာတယ်ထင်တာ။ ပြန်ကြမယ် ကိုကို သဲငယ် ဒီဆိုင်မှာ မထိုင်ချင်ဘူး"
" wae...wae...သဲငယ်"
" ဈေးကြီးလို့လေကိုကိုကလည်း ဝင်ပြီး ထိုင်လိုက်တာနဲ့ကို service ဖိုးက ပေးရတော့မှာ ဟင့်အင့် ကိုကို ပိုက်ဆံ အများကြီး ကုန်မှာ သဲငယ် မလိုလားဘူး ပြန်ကြမယ်နော် အိမ်မှာပဲ့ သဲငယ် မနက်စာ ပြင်ပေးမယ်"
YOU ARE READING
REUNION // Heewon
Romanceဘယ်သူမှ ကြိုမမြင်နိုင်သည့် ကံကြမ္မာကို ဘယ်သူကရှောင်လွဲနိုင်မှာလဲ?