= REUNION =
Unicode
by (hee-fei)
အိမ်ထဲမဝင်ဘဲအပြင်ကနေလှမ်းခေါ်သည့် ဂျောင်ဝန်း။ ကျွန်တော်ရေချိုးနေတုန်း ဝန်းငယ်လေးကအပြင်ကနေ ဟိုဘက်အိမ်ကဦးဦးဆီသွားကစားအုံးမယ်လို့ပြောပြီး ပြေးသွားတယ်။ကျွန်တော်လည်း မသွားရဘူးလို့တားမလိုပါပဲ့ ရေချိုးနေတုန်း တန်းလန်းကြီးမလို့ဘယ်လိုမှလုပ်မရလွှတ်သာပေးလို့်ရတယ်။ရေချိုးပြီးလို့ အောက်ထပ်ဆင်းလာတော့လည်းအခုချိန်ထိအိမ်ပြန်မရောက်သေးသည် ဝန်းငယ်လေး။
" ငါနော်.မတွေ့အောင်နေပါတယ်ဆိုမှ ဒီသားလေးကြောင့် အခုတော့ထိပ်တိုက်တွေ့ရတော့မယ် ဟူး....အိမ်ပြန်ေရာက်မှကောင်းကောင်းကြီးဆူပစ်အုံးမယ်"
ဟိုဘက်ခြံရောက်တော့လည်း အိမ်ထဲမဝင်ချင်တာနဲ့အပြင်ကနေပဲ့လှမ်းခေါ်လိုက်တယ်။ ခေါ်လိုက်တာက ဝန်းငယ်လေးကို ။ ကြည့်လာတာကနှစ်ယောက်စလုံး။
" ခဏ...အ့ပါး သားသားဒီမှာနိုင်တော့မာမို့ ခဏစောင့်နော် အ့ပါး"
ဒီကလေး အချိန်အခါကိုလည်းနားမလည်။ ထမလာသည့်အပြင် သူ့ကိုတောင်ခဏဆိုပြီးပြန်ရပ်စောင့်ခိုင်းနေပြန်တယ်။ဒီကလေးအိမ်ရောက်မှ ဟမ်းးးဟမ်းးးး
ကိုယ့်အတွေးနဲ့ကိုယ်ရပ်နေတုန်း ဘယ်အချိန်ကတည်းက ဒီကိုရောက်နေကြလဲမသိဘူးနှစ်ယောက်သား။
" အ့ပါးးးး ဘာတွေတွေးနေပြန်တာလဲ အိမ်ပြန်မယ်လေ"
သကောင့်သားလေးက သူ့ကပဲ့ပြန်ပြောရတယ်ရှိသေး ငါကလည်းလာခေါ်ရသေးတာကို
" ဥိးဦး သားသားပြန်ပြီနော် တာ့တာ နောက်နေ့မှပြန်လာခဲ့မယ်နော်"
" ဟုတ်ပါပြီဗျ"
သားလေးထွက်သွားတော့ကျွန်တော့လည်း ဟီဆွန်းကို ခေါင်းတစ်ချက်ငြိမ့်ပြကာ ခြံထဲကထွက်လာခဲ့လိုက်တော့သည်။အိမ်ပြန်ရောက်တော့ ဝန်းငယ်ကို ဆူဖို့ပါးစပ်ပြင်ရုံရှိသေးသည် " သားသားကိုဆူရဘူးနော် သားသားကအ့ပါးကိုပြောပြီးမှသွားတာ သားသားဗိုက်ဗိုက်ဆာနေပြီ အ့ပါး ထမင်းစားကြမယ်"
ဝန်းငယ်ကဒီလိုပြောလိုက်တော့ သူ့ကိုဆူမည့်စကားလုံးတွေကကဿ်ပျောက်ငှက်ပျောက်ပင် ပျောက်ကုန်ပြီ။ ကျွန်တော်လည်း ဘာမှကိုမပြောတော့ဘဲ ဝန်းငယ်လေးစားဖို့ပြင်ဆင်ရန် အိမ်နောက်ကိုသာဝင်လာလိုက်တော့သည်။
YOU ARE READING
REUNION // Heewon
Romanceဘယ်သူမှ ကြိုမမြင်နိုင်သည့် ကံကြမ္မာကို ဘယ်သူကရှောင်လွဲနိုင်မှာလဲ?