ဟီဆွန်း၏ စေ့စပ်သတင်း

560 52 19
                                    

Reunion ✓ by (hee-fei)

သည်နေ့နဲ့ဆို ကိုကို အမေရိကကို ပြန်သွားသည်မှာ တစ်လရှိပြီ။ သွားသည့် တစ်ပတ်လောက်ကတော့ ကိုကိုနဲ့အဆက်အသွယ်မပြတ်ခဲ့ဘူး။ဒါပေမယ့် အက်ဒီနောက်ပိုင်း ကိုကို့ဘက်က အခုသည်နေ့သည်အချိန်ထိ ဖုန်းလည်းမဆက်တော့ဘူး စာလည်းမပို့ဘူး။ ကျွန်တော့်ဘက်က စာပို့တော့လည်း seenမပြဘ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

သည်နေ့နဲ့ဆို ကိုကို အမေရိကကို ပြန်သွားသည်မှာ တစ်လရှိပြီ။ သွားသည့် တစ်ပတ်လောက်ကတော့ ကိုကိုနဲ့အဆက်အသွယ်မပြတ်ခဲ့ဘူး။ဒါပေမယ့် အက်ဒီနောက်ပိုင်း ကိုကို့ဘက်က အခုသည်နေ့သည်အချိန်ထိ ဖုန်းလည်းမဆက်တော့ဘူး စာလည်းမပို့ဘူး။ ကျွန်တော့်ဘက်က စာပို့တော့လည်း seenမပြဘူး။ ဖုန်းဆက်တော့လည်း လူကြီးမင်းနဲ့ပဲ့ တိုးနေတယ်။ကိုကို ဟိုမှာ အဆင်ပြေရဲ့လားမသိဘူး။ကိုကို အမေရိကကို ကိစ္စရှိလို့ ပြန်မယ်လို့ပြောသည့်ညက ကျွန်တော်လေ ကိုကို့ကို ပြန်မလွှတ်ချင်ခဲ့ဘူး။ အခုလိုတွေ ကြုံရမှာစိုးလို့ ပြန်မလွှတ်ချင်တာ သည်ညက........

Flash back 🔙

" သဲငယ် ကိုယ့်အဝတ်အစားတွေကို မီးပူမတိုက်ပေးလည်း ရပါတယ်ဆို ကိုကို လူခေါ်ပြီး ခိုင်းလိုက်ပါမယ်ဆို"

" မရပါဘူးနော် ကိုကို အင်္ကျီတွေက အကောင်းစားတွေ မတော်လို့ ကိုကို့အင်္ကျီ စွန်းသွားရင် သဲငယ်ပဲ့ နှမြောနေရမှာ။ သဲငယ်ကိုယ်တိုင် ကိုကို့ကိစ္စတွေအကုန် လုပ်ပေးမှာ"

သည်နေ့အလုပ်က အပြန် သဲငယ်ကို အမေရိကသွားမယ့်အကြောင်း ပြောမလို့ စီစဉ်ထားပေးမယ့် အခုချိန်ထိ မပြောရသေးဘူး။ ပြောမထွက်တာလည်းပါတယ်။ သဲငယ်‌တို့ကို မထားခဲ့ချင်ဘူး။သဲငယ်က သည်လိုတွေ ကျွန်တော့်အပေါ် ဂရုစိုက်နေတော့ ပိုလို့တောင်ပြောမထွက်ဘူး။

" ချစ်ဖို့ကောင်းလိုက်တာကွာ...ကိုကို့ သဲငယ်လေးက"

" ကိုကို "

" ဗျာ....သဲငယ်"

" ဟိုလေ...ဟိုနေ့က သဲငယ် သတိထားမိတာပြောမယ်နော် ကိုကို စိတ်မဆိုးပါနဲ့ သဲငယ်ကို "

REUNION // HeewonWhere stories live. Discover now