= REUNION =
Unicode
by (hee-fei)
Jungwon Pov - အီဟီဆွန်း သူကဘယ်လိုဖြစ်ပြီး ဆိုလ်းကိုပြန်ရောက်နေတာလဲ??
Heeseung Pov - ငါဘာလို့ ဒီတစ်ယောက်ကို ရင်းနှီးနေရတာလဲ? ဘယ်သူများလဲ?
နှစ်ယောက်စလုံး စကာစတဟ်ခွန်းမှမပြောဘဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးရပ်နေချိန် ဟီဆွန်း ဘက်ကစပြီး
" ဟို....ကျွန်တော်တို့ တစ်နေနေရာမှာတွေ့ဖူးကြလားဗျ"
ဟီဆွန်း မေးရုံလေးရှိသေးသည်။အနားကိုရောက်လာသည့်
" အ့ပါး "
ဝန်းငယ်၏ ခေါ်သံကိုကြညးမှ ဂျောင်ဝန်း လည်း စိတ်နဲ့လူနဲ့ပြန်ကပ်တော့သည်။
" အင်း ငယ်လေးပြန်လာပြီလား"
" ဟုတ်ကဲ့ အ့ပါး ဆောင်ဟွန်း အ့ပါးကို ရေခဲမုန့်ဝယ်ကျွေးခိုင်းနေလို့နည်းနည်းလေးကြာသွားတာ ခ်ခ်...."
" ချောင်းဆိုးကုန်တော့မှာပဲ့ကွာ...အ့ပါးငယ်လေးတော့"
" ဆိုးပါဘူး အ့ပါးကလည်း"
ဝန်းငယ်လည်း အခုမှ သူ့ရှေ့မှရပ်နေသည့်သည့် ဟီဆွန်းကိုမြင်သွားပြီ " ဟာ....ဦးဦးက သားသားတို့ဘေးအိမ်က ဦးဦးမလား အာညော်...ဦးဦး ခ်ခ် ဦးဦးလည်း ဒီမှာ မုန့်လားစားတာလား"
" ဟုတ်တယ် ကလေး"
" အော်.အ့ပါး ဒီဦးဦးကလေ သားသားတို့နံဘေးအိမ်ကဦးဦးလေ ဟိုတစ်နေ့ကမှပြောင်းလာတာလေ သားသားမနက်စောစောကနှုတ်ဆက်ပြီးပြီ"
သူ့ကိုတောင်ပြန်နှုတ်ဆက်ခိုင်းနေသည့် သူ့သားလေး။ အခုချိန် ရျောင်ဝန်းမျက်နှာမှာ စိုးရိမ်မှုသာရှိနေသည်။
" အ့ပါးးးအ့ပါးးလို့...."
" ဟင်...အ့ပါးတို့ပြန်ကြမယ်လေ လာ ဆောင်ဟွန်း လာပြန်မယ်"
ဝန်းငယ်လက်လေးကိုဆွဲကာ ထိုနေရာကနေထွက်လာခဲ့လိုက်တော့သည်။ ထိုနေရာမှ တစ်ယောက်ထဲ ကျန်ခဲ့သော ဟီဆွန်းကတော့
" ငါဘာလို့ ဒီတစ်ယောက်ကိုရင်းနှီးနေရတာလဲ ။.ဘေးအိမ်မှာနေတာကြောင့်လား။ အာညီး မဟုတ်သေးပါဘူး။ ငါတို့မှမတွေ့သေးတာ။ ဘယ်မှာတွေ့ဖူးတာလဲ"
VOUS LISEZ
REUNION // Heewon
Roman d'amourဘယ်သူမှ ကြိုမမြင်နိုင်သည့် ကံကြမ္မာကို ဘယ်သူကရှောင်လွဲနိုင်မှာလဲ?