=Reunion= ( Unicode )
by (hee-fei)
ဟီဆွန်း တစ်ရေးနိုးလို့ ရေထသောက်မလိုလုပ်တော့ သူ့ရင်ဖတ်ပေါ်မှာ မှောက်ပြီး တက်အိပ်နေသည့် သားငယ်လေး။ ဘယ်အချိန်ကတည်းက သူ့အပေါ်ရောက်နေလဲ မသိပါဘူး ဒီကလေးကတော့ကွာ....။ ရေထသောက်မယ့် ကိစ္စကို ထားလိုက်တော့တယ်။
" ဒယ်ဒီ...."
" ဟင်...သားငယ်လေး နိုးနေတာလား ဒယ်ဒီလုပ်လိုက်လို့ နိုးသွားတာလား သားငယ်လေး"
" အာ....ညီးးးးး ဟုတ်ဘူး သားသား ဘာသာနိုးတာ ။ အ့ပါးကလေ အိပ်နေရင်းနဲ့ သားသားနေရာကို ရွှေ့လာလို့ သားသားနိုးသွားတာ။ သားသားလည်း ထ ထိုင်ပြီး ခဏနေတော့ ပြန်အိပ်မယ်လုပ်တာ အ့ပါးက သားသားနေရာကို ရောက်နေပြီ။ သားသားမှာ အိပ်မို့နေရာ ရှိတော့ဝူးးးအ့ပါးယူလိုက်ပြီ။ အက်တာကြောင့် သားသား ဒယ်ဒီ ကိုယ်ပေါ်မှာ တက်အိပ်နေတာ။ ဒယ်ဒီ စိတ်ဆိုးသွားလာဟင်..."
ဒီကလေးကတော့ တစ်ရေးနိုးလည်း ချစ်ဖို့ကောင်းအောင် လာလုပ်ပြနေပြန်ပြီ။ ဟုတ်ပ သဲငယ်လေးအိပ်နေတာ ကျွန်တော့အနားတောင်ရောက်နေပြီ။ ကြည့်တာတာ သဲငယ်က အိပ်ရင် အအိပ်ဆော့တတ်ပုံရတယ်။
" ဒယ်ဒီက ဘာလို့ စိတ်ဆိုးရမှာလဲကွာ....သားငယ်လေးကို ဒယ်ဒီက ဘယ်လို စိတ်ဆိုးနိုင်မှာလဲကွာ....ဒယ်ဒီက ပိုတောင်ကြိုက်သေးတယ်"
" ခ်ခ်....သားသားလည်း ထင်တယ် ဒယ်ဒီ ကြိုက်မယ်လို့ ဒါဆိုလေ သားသားဒီတစ်ညလုံး ဒယ်ဒီ ကိုယ်ပေါ်မှာအိပ်မယ်နော် ဒယ်ဒီကိုယ်ပေါ်မှာက အိပ်လို့ကောင်းတယ်။ ဒယ်ဒီကို ဖက်ပြီး အိပ်ရတာ သားသားကြိုက်ကြိုက်...."
" ဟား....ဟုတ်ပါပြီဗျာ အိပ်စေဗျ"
ရင်ဖတ်ပေါ်မှာ အိပ်ပျော်နေတဲ့ သားလေးရဲ့ ဆံပင်လေးကို ပွတ်သပ်ပေးရင်းနဲ့ပဲ့ သူလည်း သူလေးနဲ့အတူ ပြန်အိပ်ပျော်သွားပြန်တယ်။
YOU ARE READING
REUNION // Heewon
Romanceဘယ်သူမှ ကြိုမမြင်နိုင်သည့် ကံကြမ္မာကို ဘယ်သူကရှောင်လွဲနိုင်မှာလဲ?