part 7 မနာလိုဖြစ်​နေ​သောရွှင်းအား(u/z)

908 65 5
                                    

" ဝါးးးးမိုက်လိုက်တာ......ဝါးးး......စားစရာ​တေအများကြီးပဲ .....ဝါးးး........ပိတ်စ​တေကလဲလှလိုက်တာ "

" ​စျေးပတ်သွားတာ အထူးအဆန်းလုပ်လို့......"

" အားစစ်အိမ်​တော်အပြင်တခါမှမထွက်ဖူးဘူး "

"ဟင်..."

" စီဖုန်းဟိုးးးးးးမှာ....အဒါဘာလုပ်​နေကြတာလဲ"

သူတို့နှင့်​မလှမ်းမ​ဝေးတွင်လူအုပ်များဝိုင်း၍ကြည့်​နေ​သော​ကြောင့် သူကိုယ်တိုင် စိတ်ဝင်စားသွားသည်

" မျက်လှည့်ပြ​နေတာ​​......ကြည့်ခြင်သွားမယ်​လေ"

အားစစ်စိတ်လှုပ်ရှားရင် သူ့နာမည်​ခေါတတ်တာကို စီဖုန်းသတိထားမိကာ ပြုံးမိလိုက်သည်

" ​ယေးးးးသွားမယ်....သွားမယ်"

" ​ဟေ့...အားစစ် ဖြည်းဖြည်းသွား​လေ .......​​စောင့်အုံး"

" အိုးးး....."

" ဒုတ်..." စိတ်​လောပြီးအ​ပြေးအလွှား သွား​နေ​​သော​ကြောင့် အရှိန်မထိန်းနိုင်ကာ ​ရှေ့က​တ​ယောက်ကို ဝင်တိုက်မိသွားသည်

" ဟင်.....လမ်းကိုဘလို​လျောက်​နေတာလဲ ​ရှေ့ကလူတ​ယောက်လုံးမမြင်ဘူးလား"

" ဟို..​တောင်းပန်ပါတယ်​နော်...."​ ​ကြောက်သွားလို့ထင်ပါရဲ့​ခေါင်းငုံလျှက် အ​လောတကြီး​တောင်းပန်​လေသည်

" အလို​လေ ဘသူများလဲလို့..အားစစ်"

" ဟင်.....သခင်မ​လေး ရွှမ်းအာ"

"အဟွင်းးး ကြည့်ပါအုံး အနူ​ရောဂါသည်နဲ့ လက်ထက်လိုက်ရလို့ သိပ်စိတ်ချမ်းသာ​နေတာထင်တယ် အသားအရည်​တေနူးညံပြီး လှလာလိုက်တာများ"

​ယောက်ကျား​လေးဖြစ်ပါရက်နဲ့ မိန်းမသားဖြစ်တဲ့သူမအလှထက် သာလွန်​နေ​သော​ကြောင့် မနာလိုမုန်းတီးမှုအပြည့်ပင်

" မ....မဟုတ်ရပါဘူးး"

" လျိုသခင်မ​လေးပါလား.....ကျွန်​တော့ဇနီးက အပြစ်လုပ်မိတယ်ထင်တယ် .......​တောင်းပန်ပါတယ်"

"ရှင့်က......"

" လျန်စီဖုန်း"

" လျန်စီဖုန်....လျန်စီဖုန် ဟင် သူက အနူ​ရောဂါသည်မဟုတ်လား ဘလိုလုပ်"

မိုး​မြေတိုင်တည် ချစ်သစ္စာ  (Complete)Onde histórias criam vida. Descubra agora