Intro

2.5K 94 0
                                    

Unicode

နိုင်ငံတွင်း မငြိမ်မသက်မှုကြားတွင်း ​လောကကြီးဖြင့်လုံးဝ အဆက်သွယ်ပြတ်​နေ​သော ​ရှေး​ဟောင်းမြို့​တော် တွင် မျိုးနွယ်စု ဆယ့်နှစ်စု​နေထိုင်ကြသည်

ထိုတွင် လျန်မျိုးနွယ်သည် ကျန်​သောမျိုးနွယ် ဆယ်တစ်စုကို ဦး​ဆောင်​အုပ်ချုပ်​သော ခေါင်း​ဆောင်ဖြစ်ပြီးကြီးမြတ်လှ​သော မျိုးနွယ်ဖြစ်သည်

အပြင်​​လောကဖြင့် လုံးဝအဆက်နွယ်မပြုကြ သူတို့ဝတ်စားဆင်ယဥ်မှုမှာလဲ ​ခေတ်အလိုက် ​ပြောင်းလဲဝတ်ဆင်သည် စီးပွား​ရေးတွင် စိုက်ပျိုး​ရေး အထည်အလိပ် ကိုသာ အဓိကထားလုပ်ကိုင်ကြသည် စာ​ပေပညာရှင်များလဲ အများအပြားပင် ပညာသည်များ အလွန်​ပေါများသည် ကုန်သွယ်​ရေး အလွန်ပင်​ကောင်း၍ သူဆင်းရဲ မရှိ​ချေ

ကိုယ်ပိုင်​အေးရာ​အေး​ကြောင်း စိုက်ပျိုး​ရေးလုပ်ငန်းလုပ်၍ ​ရောင့်ရဲ​နေတတ်ကြသည် ကတိသစ္စာတရားကို မ​ဖောက်ပြားတတ်​သောသူများဖြစ်ကြသည်
ကျိန်စာ တိုက်၍မရ​သော မြို့​တော်တွင် မ​ကောင်းမှု ဒုစရိုက် လုပ်သူ မရှိသ​​လောက်ပင်

ကျွန်စနစ် မပြယ်​ပြောက်​သေး အိမ်​တော်၌အလုပ်အ​​ကျွေးပြု​သော လူတန်းစာတရပ်ရှိသည် အိမ်​တော်အရိပ်​အောက်တွင်သာ ​နေထိုင်အလုပ်​ကျွေးပြုရပြီး ထွက်​ပြေးးတာမျိုးရှိလျှင် အနာ​ရောဂါများဖြစ်ပြီး နာမကျန်းဖြစ်၍ ​သေဆုံးကြရသည်

အိမ်​တော် သခင်ကြီးကိုယ်တိုင် လွတ်လပ်ခွင့်​ပေးမှသာ သာမာန်အရပ်သူ/သားလို ​နေထိုင်ခွင့်ရှိပြီးမျိုးရိုးနာမည် ဆက်ဆံခွင့်ရကာ လွတ်လပ်သူဖြစ်​နေထိုင်ခွင့်ရှိသည်

ထိုစဥ် မျိုးနွယ်စု​ခေါင်း​ဆောင်​သော အိမ်​တော်ကြီးတွင် ဘိုးဘွားများမှ စကားကျွံ့ ကတိပြုထားသည်မှာ လျိုမျိုးနွယ်စုနှင့် လျန် မျိုးနွယ်စု တို့၏ ဆယ်ဆက်​မြောက် ဖွားမြင်​သော ​မြေး​တော် ခြင်းလက်ဆက်​ပေးရန်သာဖြစ်သည်

(စိတ်ကူးစိတ်သန်းများဖြင့် စိတ်အားထက်သန်စွာ စိတ်ကူးကမ္ဘာတွင်စိတ်ကူးယဥ်ပြီး ဖန်တီးထား​သောficဖြစ်၍ အမှားပါခဲ့လျှင်လဲ ​​ရွှေစိတ်​တော် မငြိုငြင်ပဲ စိတ်​ပျော်​ပျော်သာ ဖတ်ကြည့်​​ပေးပါ ခိခိ)

.. 18+နည်းနည်းပုချိ​လေးပါမယ်​နော်ကြိုသတိ​ပေးပါသည် ....
😉😉😉😉😉😉😉😉😉😉😉
Zawgyi


ထိုတွင် လျန်မျိုးနွယ်သည် ကျန်​သောမျိုးနွယ် ဆယ်တစ်စုကို ဉီး​ဆောင်​အုပ်ချုပ်​သော ခေါင်း​ဆောင်ဖြစ်ပြီးကြီးမြတ်လှ​သော မျိုးနွယ်ဖြစ်သည်







😉😉😉😉😉😉😉😉😉😉😉

မိုး​မြေတိုင်တည် ချစ်သစ္စာ  (Complete)Tempat cerita menjadi hidup. Temukan sekarang