အားစစ် စိတ်လှုပ်ရှားစွာ လက်သည်များကိုက်ရင်း ဂနာမငြိမ်ဖြစ်နေသည် တဖက်မှာ သူချစ်ရသော အမျိုးသား တဖက်တွင် သူတို့ရင်သွေးလေး သက်ပြင်းရှည်ကြီးချလိုက်ကာ
" အဟွင်းး...သခင်မကြီးသာ လျန်ကတော့် ယောက်ကျားလေးမှန်းသိသွားရင် ဘလောက်စိတ်ထိခိုက်ပြီး အရှက်ရလိမ့်မလဲ နင်ချစ်တဲ့ သခင်လေးရော မျိုးနွယ်စု ခေါင်းဆောင် ဖြစ်တော့မဲ့သူ ...သူအရှက်ရအောင်ပဲနင်လုပ်နိုင်တာ နင်ဘာမှ မပံ့ပိုးပေးနိုင်ဘူး ဘာလို့လဲသိလား
ကျွန်မျိုးရိုးဖြစ်နေလို့လေ""ကလေးကိုရွေးမယ် ...ကျွန်တော့်ကလေးကိုပြန်ပေး
ဒါပေမဲ့ သခင်လေးကို နောက်ဆုံးတခေါက်လောက်တွေ့သွားပါရစေ"" အိုးးးမရပါဘူး.....နင်စိတ်ပြောင်းသွားရင် ဘလိုလုပ်မလဲ ကလေးကိုရွေးရင် နင့်ကလေးတေခေါသွားပြီး ဒီမြို့ကထွက်သွား မဟုတ်ရင် ကလေးကို တစ်ယောက်ပဲပေးပီးနောက် တစ်ယောက်ကို ကုန်သည်တေရှိရောင်းစားပစ်မယ်"
" ဗျာ....သခင်မလေး......မလုပ်ပါနဲ့ ထွက်သွားဆို ထွက်သွားပါမယ် ကျေးဇူးပြုပြီး ကလေးကိုတော့ မရက်စက်ပါနဲ့"
"ကောင်းပြီ မနက်ဖြန်.....နေမထွက်ခင် စောစောထွက်သွား အိမ်တော်အပြင်ကနေလူတစ်ယောက်စောင့်နေလိမ့်မယ် ကလေးရော နင်ပါ ဒီမြို့ကထွက်သွားလို့ရအောင် သူကိုယ်တိုင်စီစဥ်ပေးလိမ့်မယ် ဒါ ငါ့အိမ်တော်မှာ အလုပ်အကျွေးပြုဖူးခဲ့လို့ လက်ကျန် သံယောဇဥ် နဲ့ ကူညီပေးလိုက်ရခြင်းပဲ"
"ကျေး...ကျေးဇူးတင်ပါတယ် သခင်မလေး"
"ကောင်းပြီး နင့်စကားနင်တည်အောင်လုပ် ...ငါသွားပြီး"
ဒီလိုနဲ့ ကျွန်တော်သိပ်ချစ်ရတဲ့ အမျိုးသားကို ဆုံးရှုံးလိုက်ရတယ် ပေးစပ်လိုက်ရတဲ့ဟာကအရင်းအနှီကြီးပေမဲ့ ရတဲ့အတိုးမြတ်နေနဲ့ ကျွန်တော်တို့ သွေးသား သားလေးနဲ့ သမီးလေးကို ရလိုက်ရလို့ ဖြေသာခဲ့ပါတယ်
နှုတ်ဆက်ခဲ့ပါတယ် သခင်လေး
.............................................................
KAMU SEDANG MEMBACA
မိုးမြေတိုင်တည် ချစ်သစ္စာ (Complete)
Romansaဘိုးဘွားများ၏ ကတိအတိုင်း လျိုမျိုးနွယ် နှင့် လျန်မျိုးနွယ် မြေးတော် အသက်ပြည့်လျှင် လက်ဆက်ပေးရသည် လျိုမျိုးနွယ်မှ မြေးတော် အစ်မဖြစ်သူမှာ မလက်ဆက်ခြင်ရင်၍ သေကြောင်းကြံသောကြောင့် အစ်မဖြစ်သူအစား မောင်က လက်ဆက်ရန်သွားသောအခါ သတိုးသားလောင်...