💙{1}💜U+Z

466 36 6
                                    

Dreams Do Comes True

{1}Unicode>>

-""ကျန်းချန်....... ""

-""ကျန်းချန်.......""

-""ကျန်းချန်! အတန်းချိန်ကုန်သွားပြီ ငါတို့လည်းပြန်ရအောင် နောက်နေ့မှကျန်တာတွေ ဆက်လာ ဖတ်တာပေါ့ သွားကြမယ်လေဘာတွေတွေးနေပြန်ပြီလဲ  ။""

ကျန်းချန်-"ဟင် အင်း အင်း သွားမယ်လေ ကျိရန်။"

တိမ်လွှာနန်းမြိုင် Academy ကြီးရဲ့စာကြည့်တိုက်အဆောက်အဦးထဲက ထွက်လာတဲ့ သူငယ်ချင်းနှစ်ယောက် ဘေးချင်းကပ်ယှဥ်ကာလျှောက်ရင်းနဲ့မှ စာကြည့်တိုက်ထဲမှာထဲက ကျန်းချန်ကို ကြည့်ကြည့်နေတဲ့ ကျိရန်က

ကျိရန်- ' အဆင်ပြေရဲ့လား။ '

ကျန်းချန်-""အင်း ပြေပါတယ် ရော့ မင်းစာအုပ် ""

ကျိရန်- 'မင်း ရှီးချန်ကော အကြောင်းတွေးနေပြန်တာလား'

စာအုပ်ကို လှမ်းယူလိုက်ပြီးမေးလိုက်တော့
အပြုံးမမြည်တဲ့ ခပ်ယဲ့ယဲ့ အပြုံးလေးပြုံးကာ တိတ်ဆိတ်သွားတဲ့ ကျန်းချန်ပင်။ 

ကျန်းချန်- "" ................""

ကျိရန်-'ကျန်းချန် ငါတို့နှစ်ယောက်က ငယ်ငယ်တည်းက ပေါင်းလာတဲ့သူငယ်ချင်း​တွေနော် မင်းစိတ်ထဲဘာဖြစ်နေလဲဆိုတာ မင်းမျက်နှာကိုကြည့်ပြီး သိတယ်။'

ကျန်းချန်-""သိရင်လည်း မမေးနဲ့ လေ ကျိရန်ရာ""

မေးသင့်မမေးတွန့်ဆုတ်နေတဲ့ ကျိရန်က အရဲစွန့်ကာ

ကျိရန်- 'နေ့ခင်းက စာကြည့်တိုက် မှာတွေ့ခဲ့တဲ့ ရှီးချန်ကောနဲ့ ကျင်းကွမ်းယောင် ကြောင့်လား။'

ကျန်းချန်-""အင်းး ဒါမဲ့ ဘာဘဲဖြစ်ဖြစ် ငါ ကိုကို့ ကို လက်လျော့မှာမဟုတ်ဘူး။ ""

ကျိရန်- 'အင်း မင်းရဲ့အချစ်တွေကြောင့် တနေ့ ​မျှော်လင့်ထားတဲ့ အိမ်မက်အတိုင်းဖြစ်လာမှာပါ။ Fighting ကျန်းချန် ကြိုးစားထား'

ကျန်းချန်- "' ကျိရန်....ကျေးဇူး ""

ကျိရန်- 'ဟင်..... မလိုပါဘူး ကျန်းချန်ရာ ငါတို့က သူငယ်ချင်းတွေဘဲကို ဘာမှစိတ်မညစ်နဲ့တော့နော် တကယ်လို့ ရှီးချန်ကော က မင်းကိုပြန်မချစ်ဘူးဆိုရင် ငါကိုယ်တိုင် ဆေးခပ်ပြန်ပေးဆွဲ ကြိုးတုပ်ပြီး ဒီက ငါ့ရဲ့ သူငယ်ချင်းရဲ့ အခန်းထဲကို လာထည့်ပေးမယ် ။'

Dreams Do Comes True💙💜Where stories live. Discover now