💙{10}💜U+Z

116 20 2
                                    

Dreams Do Comes True

{10}Unicode>>

ကျန်းချန် - "မသွားချင်ဘူး "

- ''ဘာလို့မသွားချင်ရတာလဲ အားချန်ရဲ့ မားတို့ကစကားပြောပြီးသားဆိုတော့မကောင်းဘူးလေနော်ပြန်ဖျက်လို့ ''

ကျန်းချန် - ''မသွားချင်ပါဘူးဆို မားကလည်း"

- ''သွားလိုက်ပါ အားချန်ရယ် ဒီတစ်ခါဘဲလေ ''

ကျန်းချန် - ''မားကလည်း သား ကိုကို့ ကိုဘဲချစ်တာကိုသိရဲ့သားနဲ့ မသွားဘူးမသွားဘူး အဲ့dateကြီးကိုမသွားချင်ဘူးလို့ဆို''

- ''မသွားဘူးဆိုတာသေချာလား ချန်အာ''

ရုတ်တရက် အနောက်ဖက်ကနေထွက်လာတဲ့ ပါးရဲ့အသံကြောင့် ကျန်းချန်ရဲ့လိပ်ပြာလေးတောင် ကလူကလူ...

အဲ..မဟုတ်တာတွေ! ကို့ကို ကိုချစ်နေရတဲ့နှလုံးသားလေး လန့်သွားတာ

ကျန်းချန် - ''ပါး!!"

- ''ပါး မနေနဲ့မသွားရင် လန်အိမ်တော်ကတစ်ယောက်နဲ့ စေ့စပ်ရမယ်မထင်နဲ့''

ကျန်းချန် - ''ဟင်? ? ?စေ့စပ်မယ်???ဘာကိုစေ့စပ်မှာလဲ ? ''

-''ဟုတ်တယ် ။ လန်အိမ်တော်ကတစ်ယောက်နဲ့ ချန်အာကိုစေ့စပ်ပေးမလို့လေ ဘာလို့လဲ မစေ့စပ်ချင်လို့လား ချန်အာဘဲ သူ့ကိုကြိုက်နေတာမဟုတ်လား''

ကျန်းချန် - ''ဟုတ်ပေမယ့် ကိုကို ကိုယ်တိုင်ချစ်လာတာကိုဘဲလိုချင်တာလေ အတင်းကြီး စေ့စပ်လို့ရလာတဲ့အချစ်ကိုလိုချင်တာမှမဟုတ်ဘဲ ။နောက်ပြီး blind dateဆိုပြီးလည်း ပါးတို့လူကြီးတွေဘဲ စီစဥ်... နောက်ပြီးအခုကျလည်း စေ့စပ်မယ်... ဘာတွေလဲ ပါး ရာ...''

- ''မားတို့က သား အားချန် ကိုဒီအတိုင်းမကြည့်နိုင်တော့လို့ပါ...ဘယ်အချိန်ထိလဲ အားချန်...ဘယ်အချိန်ထိ သားကိုကိုရဲ့အချစ်ရဖို့ဆိုပြီးထပ်စောင့်နေအုံးမှာလဲ ။အားချန် အထက်တန်းနှစ်ထဲက လန်အိမ်က ကလေးကို ချစ်ခဲ့တာမဟုတ်လား မားတို့လည်းဒီတိုင်းကြည့်မနေနိုင်တော့လို့ သားအတွက် လန်အိမ်က ကလေးနဲ့စေ့စပ်ထားပေးချင်လို့ပါ...အားချန် လက်ထပ်ပွဲမတိုင်ခင်အထိကြားထဲမှာလည်းအချိန်တွေရှိပါသေးတယ်''

Dreams Do Comes True💙💜Where stories live. Discover now