💙{9}💜U+Z

130 18 4
                                    

Dreams Do Comes True

{9}Unicode>>

ကျိရန်- 'နေမကောင်းဘူးလား ကျန်းချန်'

ကျန်းချန်- "ဟင့်အင်း ဘာမှမဖြစ်ပါဘူး"

ကျိရန်- 'ဟုတ်လို့လား ကြည့်ရတာနေမကောင်းဘူးလားလို့ မျက်နှာလည်းအရင်ကလောက်မလန်းဘူး ငါ့ကိုမလိမ်ပါနဲ့ကျန်းချန်ရာ ရှိတာမှဒီသူငယ်ချင်းဘဲရှိတာကို ပြောပြပါ မနေ့ကပြန်လာထဲကတက်ကြွမှုတွေပျောက်ဆုံးနေတာ'

ကျန်းချန်- "Dateမသွားချင်လို့"

ကျိရန်- 'ဟမ် date??ဘာdateလဲ'

ကျန်းချန်- "အိမ်က မားပေါ့ အတင်းကို ကြင်ဖက်တွေ့ခိုင်းနေတာလေ ငါမှမတွေ့ချင်တာ ငါ့ရင်ထဲမှာရောငါ့စိတ်ထဲမှာရော အတွေးတွေထဲမှာရော အရာအားလုံး ကိုကိုတစ်ယောက်ထဲအတွက်ဘဲရှိတာကို ...အဲ့တာကိုအတင်းဘဲdateခိုင်းနေတယ်ဟာ"

ကျိရန်- 'အဲ့ဒီလူကဘယ်သူတဲ့လဲ'

ကျန်းချန်- "မသိဘူး"

ကျိရန် -'မသိဘူးလား??နေပါအုံးဟ ကျန်းချန် မင်းရဲ့ မား က ရှီးချန်ကောအကြောင်းကိုရော မသိသေးဘူးလား '

ကျန်းချန် - "ဟင့်အင်း ငါမသိဘူးလေ သိရင်လည်းသိမှာပေါ့ ဒါမဲ့မသိသေးဘူးလို့တော့ထင်တာဘဲ အခုလိုအတင်းdateသွားခိုင်းနေတာကိုဘဲ ကြည့်လေ စိတ်ညစ်လိုက်တာ "

ပြောရင်းနဲ့ ကုတင်ပေါ် ခွေနေရာကနေ စောင်နဲ့လုံးနေတဲ့ကျန်းချန်ကြောင့်

ကျိရန်- 'ဟာ့ ကျန်းချန် မအိပ်နဲ့အုံးလေ စားပြီးမှအိပ် ၊ ထဟာ... မစားဘဲအိပ်ရင်နော် သန်းခေါင်ကျော်ကျမှ ဗိုက်ဆာတယ်ဆိုပြီး ခေါက်ဆွဲပြုတ်စားဖို့လာမနှိုးနဲ့ အဲ့ခါကျငါမလိုက်ဘဲနေမှာနော် '

ကျန်းချန် - "မစားချင်ဘူး ကျိရန်ရာ... "

ကျိရန် - 'မစားချင်လို့မရဘူးလေ ကျန်းချန် ...မစားရင်အစာလွန်လိမ့်မယ်နော် ဘာမှလည်းဟုတ်တိပတိစားထားတာမဟုတ်ဘဲနဲ့ ထလေဟာ ကလေးလည်းမဟုတ်ဘဲနဲ့'

ကျန်းချန်- "ဟင့်အင်း မထချင်ဘူး စားချင်စိတ်လည်းမရှိဘူး ငါ့အစားပါ ပိုပြီးစားပေးလိုက်တော့ ဒီနေ့တော့"

Dreams Do Comes True💙💜Where stories live. Discover now