💙{3}💜U+Z

183 23 4
                                    

Dreams Do Comes True

{3}Unicode>>

- အလှလေး....အလှလေး.......ကျိရန်!!!!

ကျိရန် - 'ဘာလို့ အဲ့လောက်အော်နေရတာလဲ '

-အလှလေးကလည်း ကိုယ့်ကိုအ​ဖြေမပေးဘဲမသိချင်ယောင်ဆောင်နေပြီးရှောင်နေ
တော့ကိုယ်ကဘဲ လိုက်ရှာရတာပေါ့

ကျိရန်- 'ဘ..ဘယ်နှရက်ဘဲရှိသေးလို့အဖြေလာတောင်းနေရတာလဲ '

-တစ်ရက်ကြီးများတောင်ရှိသွားပြီလေ တရက်လုံးကိုယ့်မှာ၂၄နာရီလုံးလုံးကို ၂၄ဘဝလောက်ဖြတ်သန်းလိုက်ရသလိုခံစားနေရတာ အခုလည်း အလှလေးကိုတွေ့လို့ လိုက်လာတာ ကိုယ့်အတွက်အဖြေကဘာတဲ့လဲဟင် Yes or Yes?

ကျိရန်- 'မ...မသိဘူး နောက်...စဉ်းစားပြီးမှပြောမယ် လိုက်..လိုက်မလာနဲ့တော့'

ထိုနေရာကနေ အမြန်ထွက်ပြေးကာသွားကာ ကျန်းချန်နဲ့ ချိန်းထားတဲ့ စာကြည့်တိုက် ဆီကိုဦးတည်ကာသွားတော့တယ်။

ကျိရန်-'မျက်နှာရူးကောင်!!ဟွန့်  '

ကျန်းချန်-"ကျိရန်....ဘာဖြစ်လာတာလဲ '

ကျိရန်- 'ဘာ..ဘာ..ဖြစ်ရမှာလဲ ဘာ..ဘာမှမဖြစ်ဘူး'

ကျန်းချန်- "တစ်ခုခုဖြစ်လာတာမလား ကျိရန်??မျက်နှာကြီးလည်းရဲနေတယ်။နေပူထဲပြေးလာတာလား??"

ကျိရန်-'အမ်း ဟု..ဟုတ်တယ်။ နေပူထဲ အမြန်ပြေးလာလို့ ဒါနဲ့ မနက်က စီနီယာ နဲ့ အိုခေ ခဲ့တယ်မလား'

ကျန်းချန်- "အင်း ပုံမှန်အတိုင်းပါဘဲ ထွေထွေထူးထူး မရှိဘူး"

ကျန်းချန်ရဲ့အဖြေကြောင့် ကျိရန်တစ်ယောက် မျက်မှောင်ကြီးကြုံ့ကာ စဉ်းစားရင်းတီးတိုးပြောရာကနေ ကျန်းချန်ကိုမေးတော့တယ်။

'ဘာလို့ မထူးခြားသေးရတာလဲ? ဘာလို့များလဲ!!!ဘာလို့လဲ ဘာလို့လဲ ဘာလို့လဲ'

တီးတိုးရွတ်ရာကနေကျန်းချန်ကိုလှမ်းပြောလိုက်တော့တယ်။

ကျိရန်-'နေပါအုံး!!!ကျန်းချန် မင်းရှီးချန်ကော ကို ဘာမှမလုပ်လိုက်ဘူးလား'

ကျန်းချန်-"ဘ...ဘာ....ဘာ....ဘာကိုလုပ်ရမှာလဲ"

ကျိရန်-'အဟမ်း ဟို...ဟို...ငါပြောချင်တာက ရှီးချန်ကော ကို အဟွန်း ဖွင့်ပြော တာ ဒါမှမဟုတ် သွယ်ဝိုက်ပြီး ဈေးဗန်းခင်းတာ မျိုးကိုပြောတာပါ'

Dreams Do Comes True💙💜Opowieści tętniące życiem. Odkryj je teraz