💙{2}💜U+Z

236 29 7
                                    

Dreams Do Comes True

{2}Unicode>>

-ရှီးချန်ကော! !

ရှီးချန်- "အားယောင်"

-မနေ့က စာကြည့်တိုက်မှာ လိုက်ကူညီပေးလို့ ကျေးဇူးတင်ပါတယ် ရှီးချန်ကော

ပါးချိုင့်လေး နှစ်ဖက်ပေါ်ကာပြုံးပြရင်း ပြောလာတဲ့ ကျင်းကွမ်းယောင် ပင်။

ရှီးချန်- "ရပါတယ် ကိုယ့်ဂျူနီယာတစ်ယောက်ကို စီနီယာတစ်ယောက်အနေနဲ့ကူညီပေးတာဘဲ ကျေးဇူးတင်စရာမလိုပါဘူး။ "

-ဟို ဒါ မင်ကော...အဲ စီနီယာမင်ဂျွယ် နဲ့ ရှီးချန်ကော အတွက် ယူလာတဲ့ အအေးဘူးလေးပါ။ စီနီယာ့ကိုပါ ပေးပေးပါနော်။

ရှီးချန်-"ကောင်းပါပြီ အားယောင် ကိုယ် မင်ဂျွယ့် ကို ပေးဖြစ်အောင်ပေးလိုက်ပါ့မယ် ဒါနဲ့ အအေးဘူးအတွက်ကျေးဇူးနော်။ "

-ဟုတ် ရှီးချန်ကော ။

ကိုကို!!!

ရှီးချန် သူ့ဆီမျက်နှာချင်းဆိုင်က နေ ကိုကိုဆိုတဲ့အသံလေးနဲ့ လျှောက်လာတဲ့ သူကိုကြည့်လိုက်တော့  uniform အဖြူလေးနဲ့ ချစ်စရာကောင်းတဲ့ သူ့ရဲ့ခရမ်းရောင်လေး။ သူ့ဆီ တလှမ်းချင်း လှမ်းလာတဲ့ခြေလှမ်း လေးတွေက သူ့ရင်ထဲကို တချက်ချင်း တတိတိနဲ့  ကုတ်ခြစ်
ဖို့ လာနေတဲ့ကြောင်လက်သည်းလေးတွေလို​ပင်။

ရှီးချန်- "အားချန် ဒီကိုဘယ်လိုရောက်လာတာလဲ "

ကျန်းချန်- ""ကိုကို့ ကို အတန်းဘက်မှာသွားရှာသေးတယ် ။ ကိုကို့ကို မတွေ့လို့လေ
မင်ဂျွယ်ကော နဲ့ ရိပေါ်ကော တို့က ကိုကို ဒီမှာရှိတယ်ဆိုလို့ ဒီကိုလာခဲ့တာ ရော့ ဒီမှာ ကိုကို့ အတွက် orange juice ယူလာပေးတာ""

ကျိရန် -'ကျန်းချန်ပေါ့ မနက်တည်းက ရှီးချန်ကောအတွက် orange juice သွားဝယ်တာလေ အဆောင်နားကconvinient store မှာကုန်နေတယ်ဆိုလို့ ရှေ့သုံးလေး လမ်းကျော်လောက်က  xxလမ်းက mini mart ထိသွားဝယ်ခဲ့တာ..... '

A/N:{convinient store ဆိုတာက မျက်လုံးထဲမြင်အောင်ပြရရင် G&G တို့ Abc... တို့}

ရှီးချန်-"အာ~ ကျိရန်လည်းအတူတူ ပါလာတာဘဲ sorryနော် ကိုယ်မမြင်လိုက်မိဘူး  "

Dreams Do Comes True💙💜Where stories live. Discover now