💙{6}💜U+Z

144 22 8
                                    

Dreams Do Comes True

{6}Unicode>>

ရှီးချန်- "အားချန်!!"

ကျန်းချန်-"ဟမ် ကိုကို! အဲ...ရှီး...ရှီးချန်ကော လို့ပြောတာပါ..ရှီးချန်ကော ဘာပြောမလို့လဲ။

ရှီးချန်ကတော့ ကိုကို လို့ခေါ်ပြီး ရှက်နေပြန်တဲ့ သူ့ရဲ့နှလုံးသားလေးရဲ့အရှင်သခင်အသည်းအသက်ကြောင်ပေါက်လေး ကိုကြည့်ပြီးရင်ထဲကလိကလိနဲ့ နေရာမှာတင် ဆွဲပြီး မွမွ လိုက်ချင်တယ်။ဒါပေမယ့်လည်း သူ့အသည်းအသက်လေးကို ရည်ရှည်အပိုင်ရမယ့်စီမံကိန်းကြီးကြောင့် စိတ်ကိုမရှည့်တရှည်ဆွဲဆန့်ထားပြီး နေလိုက်ရတယ်။

A/N: [ ကျမလည်း မွမွ ချင်တယ်ရယ်🙃]

ရှီးချန်-"ကိုယ်တို့ dateဖို့သွားကြမယ်လေ။အားချန်ရော ဘယ်ကိုသွားချင်လဲ?သွားချင်တဲ့နေရာရော ရှိလား"

ကျန်းချန် က အစတော့ နည်းနည်း အပူတက်လာပေမယ့်လည်း ဒါက အခွင့်အရေးတစ်ရပ်ဆိုတာကြီးကိုလည်း သိနေတာကြောင့် မျက်နှာပြောင်စွာနဲ့ပင် ချွဲလိုက်လေတယ်။တဖက်ကလည်း ငြင်းတောင်မငြင်းဘဲတန်းပြီး သူ့အသည်းလေးရဲ့သဘောအတိုင်းလိုက်လျောသဘောတူလိုက်သေးတယ်။

ဒါတောင်မှ ရှီးချန်နဲ့ကျန်းချန် တို့ကတရားဝင်ချစ်သူလင်လင်တွေ ဖြစ်ကြသေးတာမဟုတ်တဲ့ first kissဘဲရှိကြဖူးသေးတဲ့ ဟိုလိုလိုဒီလိုလို relationshipအနေအထားဘဲရှိသေးတာပင်။

A/N:[အဟင့်😣 ဒါတောင် အော်ပီကျယ် အဲလေမှားလို့ အော်ဖစ်ရှယ် မဟုတ်ကြသေးဘူးတဲ့​။အော်ဖစ်ရှယ်သာဆိုရင်တော့ ဒီက ဆင်ဂယ်မလေး နွယ်ကဘယ်လိုဆက်ရေးရမလဲမသိတော့ဘူး ရွှတ် ရွှတ်🤧🤧 {ဒါနဲ့စကားမစပ် ဈေးဗန်းနော်🙃}သာသာအချောလေးကို အိုစီချင်ရင်တန်းစီလို့ရပါပြီနော်😁 ]

ကျန်းချန်ရွေးလိုက်တဲ့ နေရာကတော့ မြို့ထဲက နာမည်ကြီး ပန်းခြံမှာဖွင့်ထားတဲ့ကစားကွင်းကြီးပင်။

တလျှောက်လုံးလည်းရှီးချန်ကလည်းပြုံးပြုံးကြီးနဲ့ကျန်းချန်အလိုကျ လိုက်လျောပေးတယ်။ရိုလာကိုစတာတွေရော မြင်းရုပ်လေးတွေပါမကျန် ရှီးချန်လက်ကိုဆွဲကာ အကုန်လိုက်ပတ်ဆော့တဲ့ ကျန်းချန်ကိုကြည့်ပြီးရှီးချန်ရဲ့အပြုံးတွေဟာလည်းပိုပိုပြီး ပီပြင်ကာ သကာရည် သာမက ပျားရည် ထန်းလျက်ရည်တွေပါအထပ်ထပ်ဆမ်းထားသလို မျက်နှာပေါ်မှာတောင်မဆံ့တော့မှာ စိုးရတယ်။

Dreams Do Comes True💙💜Where stories live. Discover now