💙{11}💜U+Z

203 19 6
                                    

Dreams Do Comes True

{11}Unicode>>

နံနက်၆နာရီအချိန် ~

သုံးထပ်အိမ်တော်ခြံဝန်းကြီးရဲ့ ပထမထပ်ထောင့်နားကအခန်းလေးရဲ့ ပိုင်ရှင်ကတော့ ထူးထူးဆန်းဆန်းမနိုးစဖူး အစောကြီးနိုးနေလေတယ်...။

*ဘာလို့ဒီလောက်တောင်အချိန်ကနှေးနေတာလဲမသိဘူး အခုမှ 6နာရီကျော်ရုံလေးဘဲရှိသေးတယ် မြန်မြန်8နာရီထိုးပါတော့ဟာ...*

*ပါးကလည်းအကျင့်ပုတ်လိုက်တာ ဘယ်နေရာမှာချိန်းထားတာလဲ လည်းခုထိမပြောပြဘူး *

*နေအုံး နေအုံး အောက်ထပ်ကိုဆင်းကြည့်အုံးမှ... ခါတိုင်းဒီလိုအစောကြီးဆို ပါးသတင်းစာဖတ်နေတတ်တယ် အောက်ဆင်းအုံးမှဘဲ*

ကျန်းချန်ကတော့ ယုန်တစ်ကောင်လိုခုန်ပေါက်ပြီးအောက်ထပ်ကိုအပြေးဆင်းသွားတော့တယ်။

ဒါပေမယ့်အောက်ထပ်ကဧည့်ခန်းထဲမှာကတော့ ထူးဆန်းစွာနဲ့ဘဲ ဘယ်သူမှမရှိဘဲတိတ်ဆိတ်နေလေတယ်...။

ကျန်းချန် - '' ဟင်? ''

*ဘာလို့ဘယ်သူမှမရှိတာလဲ*

မီးဖိုချောင်ဘက်ကိုသွားကြည့်လိုက်တော့ အိမ်တော်ထိန်းနဲ့အစေခံတချို့ဟင်းချက်နေတာကို တွေ့လိုက်ရတယ်။

မနက်စာအတွက်ပြင်ဆင်နေတာပင်...။

မီးဖိုချောင်အပေါက်ဝမှာရပ်နေတဲ့ ကျန်းချန်ကို အိမ်တော်ထိန်းက မြင်သွားပုံရကာ ကျန်းချန်ဆီကိုလျှောက်လာလေတယ်။

- ''အားချန်လေး အစောကြီးဘဲရှိသေးတယ် နိုးနေပြီလား ညကကောင်းကောင်းရောအိပ်ပျော်ရဲ့လား''

ကျန်းချန် - ''အင်း အိပ်ပျော်ပါတယ် ဒါနဲ့.. ဟို..ဟို..''

- ''အားချန်လေး လိုတာရှိလို့လား ဒီကိုဘာလိုအပ်လို့များလဲ ဘာယူပေးရမလဲ''

ကျန်းချန် - ''အာ..မဟုတ်ပါဘူး

ခါတိုင်းဒီချိန်ဆို ပါး နိုးနေပြီမဟုတ်လား သတင်းစာဖတ်နေတာလေ အခုကမနိုးသေးလို့။''

- ''အော်...ဟုတ်တယ် ညက အားဆေးသောက်ပြီးအိပ်တယ်လေ ''

ကျန်းချန် - ''ဟင်! ပါးကအားဆေးသောက်အိပ်တယ်လား ။ဘာဖြစ်လို့လဲ ဘယ်နေရာနေမကောင်းလို့လဲ''

Dreams Do Comes True💙💜Where stories live. Discover now