Part-13 + Part-14 (Uni)

333 42 1
                                    

                                           Part-13

The Timely Help-အချိန်ကိုက်ရောက်လာတဲ့ အကူအညီ

"လျိုထုံ၊ လျိုထုံ၊ ခဏစောင့်ဦး"

လျိုထုံ ထွက်သွားဖို့ ခြေလှမ်းလိုက်စဉ်မှာပဲ အနောက်ကနေ တစ်စုံတစ်ယောက်ရဲ့ သူ့နာမည်အော်ခေါ်သံကိုကြားလိုက်ရသည်။ သူလှည့်ကြည့်လိုက်တော့ ဝူမိန်နှင့် လျိုချင်မှာ သူ့ဆီသို့အလျင်အမြန်ပြေးလာနေကြတာကို တွေ့လိုက်ရသည်။

လျိုထုံက ဟောဟဲလိုက်ကာ အသက်ရှူနေသော လူနှစ်ယောက်ကို ရပ်ကြည့်နေလိုက်သည်။ သူကထိုလူနှစ်ယောက်အား သက်သောင့်သက်သာဖြစ်စေရန် "အလျင်မလိုပါဘူး...ဖြေးဖြေးလုပ်ပါ"

ဝူမိန်က လေမှုတ်ထုတ်ကာ "လျိုထုံ၊ မင်းတို့နှင်ထုတ်ခံလိုက်ရတယ်လို့ငါတို့ကြားတယ်။ မင်းတို့သွားစရာမရှိဘူးဆိုတာ ငါသိတယ်။ အဲ့တာကြောင့် ငါတို့အိမ်ကိုအရင်ဆုံးသွားရအောင်"
"ဟုတ်တယ် လျိုထုံ၊ မင်းကတစ်မိသားစုလုံးကို ထောက်ပံ့နေရတာ၊ ကလေးနှစ်ယောက်ကလည်း ငယ်သေးတယ်။ ပြီးတော့ရွှီရန်ကလဲ အခုထိဆေးသောက်ဖို့လိုနေတုန်းပဲ။ အာ့ကြောင့်သွားရအောင်။ ငါတို့မင်းကိုအငတ်မထားနိုင်ဘူး" လို့ လျိုချင်ကလည်းပြောလာသည်။

"ကောင်းပြီလေ" လျိုထုံက ချီတုံချတုံဖြင့်ပြောလိုက်သည်။

ဝူမိန်ကသူ့ကိုနားချကာ "မင်းအတွက်မင်းမတွေးရင်တောင် မင်းကလေးနှစ်ယောက်အတွက်တွေးသင့်တယ်! မင်းခုထိနေ့လည်စာမစားရသေးဘူးမလား။ ထန်ထန်နဲ့ကော်ကော်လဲ ဗိုက်ဆာနေတော့မယ်။ ဘာမှမဖြစ်ဘူး အရင်ဆုံးငါ့အိမ်သွားပြီး ထမင်းသွားစားကြမယ်"
"ဟုတ်တယ်၊ ရန်လဲ သူ့ဒဏ်ရာအတွက် ဆရာဝန်နဲ့ပြဖို့လိုသေးတယ်လေ" လျိုချင်ကပါ တိုက်တွန်းလာသည်။

အေးဆေးနေသောထိုနှစ်ယောက်နှင့် လိမ္မာရိုကျိုးသော သူ့ကလေးနှစ်ယောက်ကိုကြည့်လိုက်သည်။ ရွှီရန်ကလဲ ဆိုးဆိုးရွားရွားထိခိုက်ထားသေးတယ်။ လျိုထုံတွေးရင်း စိတ်ဖိစီးလာရတော့သည်။ ကလေးနှစ်ယောက်ကိုတောင် ကာကွယ်မပေးနိုင်တဲ့ထိ အသုံးမကျတဲ့ သူ့ကိုယ်သူသာ အပြစ်တင်လိုက်မိတော့သည်။

Transmigration: The Farm Life Of A "Fool" (Hiatus)Where stories live. Discover now